BBC navigation

ပုပ်ရဟန်းမင်းကြီးက ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2012 - 14:52 GMT
pope_benedict_christmas_prayer_

ခရစ်စမတ်စ် ဆုတောင်း သတင်းစကားတွေ ပါးနေတဲ့ ပုပ်ရဟန်းမင်းကြီး

ပုပ်ရဟန်းမင်းကြီး ဘဲန်းနဒစ်က သူ့ရဲ့ ခရစ်စမတ်စ် သတင်းစကားအဖြစ် ကမ္ဘာ့ ငြိမ်းချမ်းရေး ကိုဖော်ဆောင်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

စိန့်ပီတာ ဘုရားကျောင်း ရှေ့မှာ ရောက်နေကြတဲ့ ခရစ်ယာန် ဘာသာဝင်တွေကို ပုပ်ရဟန်းမင်းကြီးက အဲဒီ ဘုရားကျောင်းရဲ့ ဝရန်တာကနေ အခုလို မိန့်ကြား ခဲ့တာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ယေရှု ခရစ်တော် မွေးဖွား ခဲ့တဲ့ မြေမှာ အစ္စရေးနဲ့ ပါလက်စတိုင်း တွေအကြား ကာလရှည် ဖြစ်နေကြတဲ့ မပြေလည်မှု တွေကို ရပ်တန့်ပြီး ဆွေးနွေး အဖြေရှာ ကြဖို့ ပြောလိုက် သလို၊ ဆီးရီးယားမှာ အပြစ်မဲ့တဲ့ လူတွေ သတ်ဖြတ် ခံနေရတာ ကိုလည်း ရှုံ့ချ ပြစ်တင် လိုက်ပါတယ်။

ဆက်လက်ပြီး အာရပ်နွေဦး လှုပ်ရှားမှုတွေ ဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာလည်း တဦးနဲ့ တဦး အပြန်အလှန် လေးစားမှု ရှိတဲ့ တရားမျှတတဲ့ လူမှု အသိုက်အအုံတွေ တည်ထောင် ကြဖို့ကို တိုက်တွန်း လိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက ခရစ်ယာန် ဘာသာဝင်တွေ အပေါ် အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပွား နေတဲ့ နိုင်ဂျီးရီးယား အတွက်လည်း ဆုတောင်းပေးခဲ့သလို တရုတ် ခေါင်းဆောင်သစ် တွေကိုလည်း ဘာသာတရားရဲ့ လူတွေအပေါ် ကောင်းကျိုးပြုပုံ တွေကို အလေးဂရု ပြုကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။