BBC navigation

အီဂျစ် ဖွဲ့စည်းပုံသစ် အတည်ဖြစ်ပြီ

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 01:11 GMT
egypt referendum

သဘောကွဲလွဲမှုတွေ စေ့စပ်နိုင်မှ အေးချမ်းမယ်

အီဂျစ် အခြေခံ ဥပဒေ ဆန္ဒ ခံယူပွဲ တရားဝင် ရလဒ်တွေ အရ အငြင်းပွား နေကြတဲ့ ဖွဲ့စည်းပုံ ဥပဒေ သစ်ကို မဲဆန္ဒရှင် တွေက ထောက်ခံ အတည်ပြု လိုက်ကြပြီလို့ သိရပါတယ်။

သမ္မတ မော်စီနဲ့ အာဏာရ မွတ်ဆလင် ညီနောင်များ အဖွဲ့ ထောက်ခံမှုနဲ့ ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေ ဖြစ်ပါတယ်။

အီဂျစ် ရွေးကောက်ပွဲ ကော်မရှင်အကြီးအကဲ Samir Abou el-Maati ကလဲ မဲထွက်ပေးသူ ၃၂.၉ ရာခိုင်နှုန်း ထဲက ၁ဝ သန်းကျော် မဲပေး ထောက်ခံ ခဲ့ကြပြီး ကန့်ကွက်သူ ၆ သန်း ရှိတယ်လို့ ကြေညာ ခဲ့ပါတယ်။

မဲပေးခွင့် ရှိသူ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံသာ မဲထွက် ပေးခဲ့ပေမယ့်လဲ ဒီထဲက ၃ ပုံ ၂ ပုံက ထောက်ခံ ခဲ့ကြတာလို့ ကော်မရှင်က ပြောကြား ပါတယ်။

ဒီအခြေခံ ဥပဒေ သစ်အရ လွှတ်တော် ခေါ်ယူဖို့ ရွေးကောက်ပွဲ အသစ် လုပ်ရမှာ ဖြစ်ပါတယ်။

ဒီအခြေခံ ဥပဒေမှာ အစ္စလာမ် အမြင်တွေ လွှမ်းမိုးနေတယ်လို့ မူကြမ်း အဆင့်က ဆန္ဒပြပွဲကြီး တွေနဲ့ ကန့်ကွက်ခဲ့ကြတဲ့ အတိုက်အခံ တွေ ဘက်က ဆိုပါတယ်။

အခြေခံ ဥပဒေ အပေါ် ကွဲပြား နေကြတဲ့ အမြင် တွေကို စေ့စပ် နိုင်ဖို့ က အီဂျစ် အနာဂတ် ဖြစ်ပြီး ရှေ့မှာ ညီညွတ် ပေါင်းစည်း နိုင်ရေး အတွက် နည်းလမ်းသစ်တွေ ပိုရှာရမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။