BBC navigation

ခရစ်စမတ် အကြို ဆုတောင်းပွဲ ကျင်းပ

နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2012 - 01:27 GMT

ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်

အီတလီ နိုင်ငံ St Peter's Basilica ဘုရားရှိခိုးကျောင်း မှာ လူအများအပြား စုရုံးမလာခင် ပုပ်ရဟန်း မင်းကြီး ဘန်နာဒစ်က ရိုမန် ကတ်သလစ် ရိုးရာ ခရစ်စမတ် အကြို အခမ်းအနား ဆုတောင်းပွဲကို ကျင်းပခဲ့ပါတယ်။

ဒီနေ့ ကမ္ဘာမှာ လူတွေ အနေနဲ့ ဘုရားသခင် အတွက် အချိန်ပေးဖို့ သူက တိုက်တွန်းခဲ့ပြီး ၊ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး ရဖို့နဲ့ လက်ဘနွန် ၊ ဆီးရီးယား နဲ့ အီရတ် နိုင်ငံက ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေဖို့ ဆုတောင်း ခဲ့ပါတယ်။

အခုလို ကနဦး ခရစ်စမတ် ဆုတောင်းပွဲကို ခရစ်စမတ်နေ့ မတိုင်ခင် ညသန်းခေါင်ယံ အချိန်မှာ ပုံမှန် ကျင်းပတာ ဖြစ်ပေမယ့် အသက် ၈၅နှစ် ရှိပြီ ဖြစ်တဲ့ ပုပ်ရဟန်မင်းကြီး မောပန်း နွမ်းနယ်မှာ စိုးလို့ နှစ်နာရီကြို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။