BBC navigation

ဗြိတိန်ဘုရင်မကြီး ခရစ်စမတ်စ် သတင်းစကား ပြောကြား

နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2012 - 15:34 GMT
queen_

ခရစ်စမတ် သတင်းစကား ပါးနေတဲ့ ဘုရင်မကြီး

ဗြိတိန် နိုင်ငံမှာတော့ ခရစ်စမတ်စ် နေ့မှာ ဒုတိယ မြောက် အဲလ်လဇ္ဇဘက်သ် ဘုရင်မကြီး နဲ့ ကန်တာဘရီက ဂိုဏ်းချုပ် ဘုန်းတော်ကြီး တို့က ခရစ်စမတ်စ် သတင်း စကားတွေကို ပြောကြား ခဲ့ကြပါတယ်။

ဘုရင်မကြီးရဲ့ သတင်းစကားကို ၃ ဘက်မြင် ရုပ်မြင်အဖြစ် ရုပ်သံက လွှင့်ထုတ် ပေးခဲ့ပါတယ်။

အဲဒီ ထဲမှာ ဘုရင်မကြီးက ပြီးခဲ့တဲ့ သူ့ရဲ့ စိန်ရတု အထိမ်းအမှတ် အခမ်းအနား တွေနဲ့ အိုလံပစ်နဲ့ ပါရာလမ်ပစ် ပြိုင်ပွဲ ဝင်ခဲ့ကြတဲ့ အားကစား သမားတွေကိုလည်း ဂုဏ်ပြု စကား ပြောကြား ခဲ့ပါတယ်။

ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဒေါက်တာ ရိုဝမ် ဝီလီယမ်စ် ကလည်း လက်ရှိ တာဝန်ကနေ အနား မယူခင်မှာ ခေတ်ပေါ် နည်းပညာ တွေကိုသုံးလို့ သူ့ရဲ့တွစ်တာ စာမျက်နှာ ကနေ တဆင့် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ အရင်ကတော့ အဲဒီ အင်တာနက် ဆိုက်ကို သူက အဆိပ်ရှိတဲ့၊ ဖျက်ဆီးတတ်တဲ့ ဆိုက် အဖြစ် ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။