BBC navigation

ဆီးရီးယား ဗိုလ်ချုပ် ထွက်ပြေးခိုလှုံ

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 01:33 GMT
syria

ဆီးရီးယား စစ်တပ်က ပြည်သူကို ပြန်သတ်နေ

ဆီးရီးယား စစ်ရဲ တပ်မှူး ဗိုလ်ချုပ် Abdulaziz al-Shalal သူပုန်ဘက် ပြေးဝင် လာတယ်လို့ သတင်း ရရှိ ပါတယ်။

ဆီးရီးယား စစ်တပ်ဟာ နိုင်ငံ ကာကွယ် ရမယ့် အခြေခံ တာဝန်က သွေဖီပြီး လူသတ်ဂိုဏ်းကြီး ဖြစ်လာနေပြီ ဆိုတဲ့ ဗိုလ်ချုပ် Shalal ရဲ့ ပြောကြားချက်ကို Al Arabiya အာရပ် ရုပ်သံ သတင်းက ထုတ်လွှင့် ခဲ့ပါတယ်။

စစ်ရဲတပ်မှူး သူပုန်ဘက်ကို ပူးပေါင်းလာတယ်လို့ အတိုက်အခံဘက်က ခပ်စောစောထဲက ပြောခဲ့ပါတယ်။

ဗိုလ်ချုပ် Shalal ဟာ ၂ နှစ်ကြာ ဆီးရီးယား ပဋိပက္ခ တွေ အတွင်း အဆင့်မြင့်ဆုံး ပြေးဝင် ခိုလှုံခဲ့တဲ့ စစ်ရဲ အရာရှိလဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။