BBC navigation

ရှင်ဇို အာဘေး အစိုးရ သစ်ဖွဲ့

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 16:29 GMT
_japan_abe_reuters

ဂျပန် ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေး

ဂျပန် နိုင်ငံမှာတော့ ဝန်ကြီးချုပ်သစ် ရှင်ဇို အာဘေးက သူ့ရဲ့ အစိုးရ အဖွဲ့ကို စတင် ဖွဲ့စည်း လိုက်ပါတယ်။

အခု အစိုးရ အဖွဲ့ဝင်တွေ ထဲမှာ ထူးခြားမှု အဖြစ် အရင် ဝန်ကြီးချုပ်ဟောင်း တာရို အာဆိုကို ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်ထား လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မစ္စတာ အာဘေးရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက အနိုင်ရခဲ့တဲ့ နောက်မှာ ပါလီမန်က မစ္စတာ အာဘေးကို ဝန်ကြီးချုပ် အဖြစ် လက်ခံ အသိအမှတ် ပြုခဲ့ အပြီးမှာ အခုလို စပြီး အစိုးရကို စတင် ဖွဲ့စည်းတာ ဖြစ်ပါတယ်။

မစ္စတာ အာဘေး ဟာ အရင် ၂၀၀၆-၀၇ ခုနှစ် တွေအတွင်း ကလည်း ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပြီး နျူကလီယား စွမ်းအင်ကို လိုလားတဲ့ အမျိုးသားရေး ဝါဒီ တယောက်လည်း ဖြစ်ပါတယ်။

သူက မကြာခင် ကာလတွေ အတွင်း တရုတ်နဲ့ ဖြစ်နေတဲ့ နယ်မြေ ပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှု တွေနဲ့ ပတ်သက်လို့လည်း ပြတ်ပြတ်သားသား ကိုင်တွယ်သွားမယ်လို့ ကတိပေးထား တာဖြစ်ပါတယ်။

တရုတ်ဘက်တော့ နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိတဲ့ ဆက်ဆံရေးကို လိုလားကြောင်းနဲ့ ဂျပန် ဟာလည်း ငြိမ်းချမ်းစွာ ဖြေရှင်းရေး တွေကိုဆက်လုပ် သွားမယ် မျှော်လင့်ထားတဲ့ အကြောင်း ပြောထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။