BBC navigation

ဒီမိုကရေစီ ခေတ်သစ် ရောက်ပြီလို့ မော်စီပြော

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2012 - 01:30 GMT

နိုင်ငံရေး အဖွဲ့တွေကို ညှိနှိုင်းဖို့ ပြောနေတဲ့ သမ္မတ

အီဂျစ်နိုင်ငံဟာ ခေတ်သစ် အာရုံဦးကို ဝင်ရောက် လာပြီ ၊ ပိုပြီး တည်ငြိမ် လုံခြုံတဲ့ မျက်နှာစာသစ်ကို ဦးတည်နေတယ်လို့ သမ္မတ မိုဟာမက် မော်စီက ပြောပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ဖို့ကိုလည်း ရည်ရွယ်တယ်လို့ အငြင်းပွားဖွယ် ဖွဲ့စည်းပုံသစ်ကို ဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုခဲ့ ပြီးတဲ့နောက် ရုပ်မြင်သံကြား မိန့်ခွန်းမှာ သမ္မတ မော်စီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ခိုင်မာ တောင့်တင်းတဲ့ ဒီမိုကရက်စီ လူအဖွဲ့အစည်း ဖြစ်ပေါ်လာပြီ ဆိုတာ ထင်ဟပ်စေ ပါတယ် ၊ ဒါပေမယ့် နိုင်ငံရေး အဖွဲ့အစည်းတွေ အားလုံး ညှိနှိုင်း ဆွေးနွေး ကြဖို့ တိုက်တွန်း လိုပါတယ်လို့ သမ္မတ မိုဟာမက် မော်စီက ဆိုသွားခဲ့ပါ တယ်။

အတိုက်အခံ အမျိုးသား ကယ်တင်ရေး တပ်ဦးကတော့ သမ္မတ ပန်ကြားချက်ကို ပယ်ချလိုက်ပြီး ဒီမိုကရေစီ နည်းလမ်း အားလုံးနဲ့ ဒီဖွဲ့စည်းပုံကို ဆက်လက် ဆန့်ကျင်သွားမယ်လို့ ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။