BBC navigation

ဆီးရီးယား စစ်ရဲ အကြီးအကဲ တပ်ကိုစွန့်ခွာ

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 16:43 GMT
general-aziz-syria

တပ်ကို စွန့်ပြေးသွားတဲ့ စစ်ရဲ ဗိုလ်ချုပ် အဗ္ဗဒူလ် အဇစ် အဲလ် ရှာလာ

ဆီးရီးယား စစ်ရဲ တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ် အဗ္ဗဒူလ် အဇစ် အဲလ် ရှာလာက ဆီးရီးယား စစ်တပ်ဟာ တိုင်းပြည်ကို မကာကွယ်ဘဲ လူသတ်ဂိုဏ်း တွေအဖြစ်ကို ကူးပြောင်းသွား ခဲ့ပြီ ဖြစ်တယ်လို့ ဆိုပြီး နိုင်ငံကို စွန့်ခွာ ထွက်သွား ခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ ဆီးရီးယားမှာ တိုက်ပွဲတွေ စခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ် နီးပါး အချိန်ကစလို့ ရာထူးအကြီးဆုံး စစ်အရာရှိ တယောက်ရဲ့ စစ်တပ်ကနေ စွန့်ခွာ သွားတာ ဖြစ်ပါတယ်။

သူဟာ တူရကီ နိုင်ငံဘက်ကို ထွက်ခွာ သွားခဲ့တယ်လို့လည်း သတင်းတွေ ရရှိပါတယ်။

သူအခုလို စွန့်ခွာ ထွက်သွား ခဲ့တာကို ဆီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေ ဘက်ကတော့ အတည်ပြု ပြောကြား ပေမယ့် မစ္စတာ ရှာလာ ဟာ မကြာခင် တာဝန်ကနေ အငြိမ်းစား ယူတော့မှာ ဖြစ်လို့ သူရဲကောင်း လုပ်ချင်လို့ အခုလို လုပ်သွား ခဲ့တာ ဖြစ်တယ်လို့ ဒီကိစ္စကို ခပ်ပေါ့ပေါ့ လုပ်ထား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။