BBC navigation

ဘနာဇီယာ ဘူတိုရဲ့ သား နိုင်ငံရေးထဲ ဝင်ပြီ

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2012 - 16:05 GMT

အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ဘီလာဝဲလ်ရဲ့ ပထမဆုံး လူထု စည်းဝေးပွဲ မိန့်ခွန်း ဖြစ်ပါတယ်

ပါကစ္စတန် နိုင်ငံ မှာ လွန်ခဲ့တဲ့ ၅ နှစ်က လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဘနာဇီယာ ဘူတို အတွက် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်း အနား ကျင်းပ နေရာ၊ သားဖြစ်သူ ဘီလာဝဲလ် ဘူတို ဇာဒါရီက သူ့ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပြီ ဖြစ်ကြောင်း၊ သိန်းနဲ့ချီ တက်ရောက် လာကြတဲ့ ပြည်သူ တွေကို မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

ဘီလာဝဲလ် ဘူတို ဇာဒါရီ အနေနဲ့ သူ့ရဲ့ ပထမဆုံး လူထု စည်းဝေးပွဲ မိန့်ခွန်းဖြစ်တဲ့ ဒီပွဲမှာ ပါကစ္စတန်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင်ကို ထုတ်ဖေါ် ပြောကြား သွားခဲ့ ပါတယ်။

နိုင်ငံတောင်ပိုင်း ဆင်းဒ် ပြည်နယ်မှာ ပြုလုပ်တဲ့ ဒီလူထု စည်းဝေးပွဲကို တက်ရောက် လာကြ သူတွေဟာ လာကာနာ မြို့ တခုလုံးမှာ ယာယီ တဲတွေ ထိုးပြီး လာစောင့် နေ ကြတာ ဖြစ်ပါတယ်။

ဘီလာဝဲလ် ဘူတို ဇာဒါရီကို ကလေးငယ် ဘဝထဲက ကောင်းကောင်း သိခဲ့သူ၊ ဘနာဇီယာ ဘူတိုရဲ့ မိတ်ဆွေ Victoria Schofield ကတော့၊ ဘီလာဝဲလ်ဟာ ငယ်ရွယ် သေးသူ ဖြစ်ပေ မယ့်လည်း ပါကစ္စတန်ရဲ့ ကြီးမား လှတဲ့ အခက် အခဲ တွေကို ကျော်လွှား နိုင်မယ်လို့ ထင်မြင်ကြောင်း ပြောကြား ပါတယ်။

လက်ရှိ အာဏာရ အစိုးရဟာ ပြီးခဲ့တဲ့ ငါးနှစ် အတွင်း ဝေဖန်မှု တွေကို ကျယ်ကျယ် ပြန့်ပြန့် ခံခဲ့ရ ပေမယ့်လည်း အခုလို ပြည်သူ အများက ထောက်ခံမှု ရှိနေဆဲ ဖြစ်တယ် ဆိုတာကို ဖေါ်ပြချင် နေတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။