BBC navigation

ကလေးမွေးစားမှု ပိတ်တဲ့ ဥပဒေ ရုရှား အတည်ပြု

နောက်ဆုံး ရေးသားချိန် 28 ဒီဇင်ဘာလ 2012 - 17:24 GMT

ရုရှား မိဘမဲ့ ကလေးငယ် တွေရဲ့ ဘဝ တိုးတက်ရေး တခြား နည်းနဲ့ ဆောင်ရွက်မယ်

ရုရှား နိုင်ငံက ကလေးငယ် တွေကို အမေရိကန် တို့က မွေးစားနေမှု အပေါ် ပိတ်ပင် ထားမြစ်တဲ့ အငြင်းပွား ဖွယ် ဥပဒေကို ရုရှား သမ္မတ ပူတင်က လက်မှတ် ရေးထိုး အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ကြာသပတေး နေ့က ကျင်းပတဲ့ ရုရှား ကက်ဘိနက် အစည်း အဝေး တခုမှာ သမ္မတ ပူတင်က ရုရှား မိဘမဲ့ ကလေးငယ် တွေရဲ့ ဘဝကို တခြား ဆောင်ရွက်မှု တွေနဲ့ ပိုမို တိုးတက် ကောင်းမွန် လာအောင် လုပ်မယ်လို့ ပြောကြား သွားပါတယ်။

အမေရိကန် တို့ဘက်က ရုရှား အရာရှိ တွေကို လူအခွင့် အရေး ချိုးဖေါက် မှုတွေ လုပ်တယ် ဆိုပြီး၊ မက်နစ်တ် စကီ အက်ဥပဒေ ထုတ်ပြန်ကာ ပိတ်ဆို့ အရေးယူ မှုတွေ ပြုလုပ် ခဲ့တဲ့အပေါ် ရုရှား တို့က အခုလို တုံ့ပြန် လိုက်တာ ဖြစ်ပါတယ်။

ပွင့်ပွင့် လင်းလင်း ထုတ်ဖေါ် ဝေဖန်မှုတွေ လုပ်တဲ့ ရုရှား ရှေ့နေ ဆာဂီ မက်နစ်တ် စကီ ဟာ ပြီးခဲ့တဲ့ သုံးနှစ်က ရုရှားထောင် တခုမှာ သေဆုံး သွားခဲ့တဲ့ အတွက် အမေရိကန် တို့က ပိတ်ဆို့ အရေးယူ မှုတွေ စလုပ် ခဲ့တာ ဖြစ်ပါတယ်။

ကလေး မွေးစား တာကို ပိတ်ပင်တဲ့ ဥပဒေကို မစ္စတာ ပူတင် လက်မှတ် ရေးထိုး ပေးပြီး သိပ် မကြာခင် မှာပဲ၊ မစ္စတာ မက်နစ်တ် စကီ သေဆုံး ရမှုနဲ့ ပတ်သက် ပြီး စွဲချက်တင် ခံနေရတဲ့ တဦးတည်းသော အရာရှိကို မော်စကို တရားရုံး တခု ကနေ တရားသေ ပြန်လွှတ်ပေး လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။