BBC navigation

ပါကစ္စတန် တပ်သားတွေကို ပြန်ပေးဆွဲသတ်ဖြတ်

နောက်ဆုံး ရေးသားချိန် 30 ဒီဇင်ဘာလ 2012 - 00:48 GMT
pakistan map

အနောက်မြောက် နယ်ခြားဒေသ မတည်ငြိမ်လှ

ပါကစ္စတန် အနောက်မြောက်ပိုင်း ဒေသမှာ တွေ့ရှိတဲ့ ရုပ်အလောင်း ၂၁ လောင်းဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့က စစ်သွေးကြွတွေ ပြန်ပေးဆွဲ ခံရတဲ့ အစိုးရ လက်အောက်ခံ အရပ်သား လက်နက်ကိုင် အဖွဲ့က တပ်သားတွေရဲ့ အလောင်းတွေ ဖြစ်ကြောင်း ပါကစ္စတန် အာဏာပိုင် တွေက ပြောကြား ပါတယ်။

သူတို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တဲ့ ပက်ရှဝါ မြို့ပြင် တပ်စခန်း တွေက ၃ မိုင်လောက် အကွာမှာ သေနတ် ဒဏ်ရာ ဆန်ကာပေါက် ဖြစ်နေတဲ့ အလောင်း တွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လက်တွေကို ကြိုးချည်ပြီးမှ ပစ်သတ်ထားတာ တွေ့ရတယ်လို့ အာဏာပိုင် တွေက ပြောကြား ပါတယ်။

ရဲသား ၂ ယောက်ကို ပစ်သတ်ပြီး တယောက် ဒဏ်ရာရခဲ့တဲ့ စစ်သား ပြန်ပေးဆွဲမှုကြီးရဲ့ လက်သည်အဖြစ် တာလီဘန် တွေက ကြေညာတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။