BBC navigation

ရုရှား လေယာဉ် တစင်း မတော်တဆဖြစ်

နောက်ဆုံး ရေးသားချိန် 29 ဒီဇင်ဘာလ 2012 - 16:51 GMT

အနည်းဆုံး လူ လေးဦး သေဆုံးသွား တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်

ရုရှား လေယာဉ် တစင်းဟာ မော်စကိုမြို့ ဗနူကိုဇာ လေဆိပ်ကို ဆင်းသက်စဉ် မတော် တဆ ဖြစ်ပြီး ပြေးလမ်းကို ကျော်ထွက် သွားခဲ့ ပါတယ်။

အဲဒီနောက် လေယာဉ်ဟာ လေယာဉ်ကွင်း ခြံစည်းရိုးကို ဝင်တိုက်မိကာ မီးလောက် ပေါက်ကွဲ သွားပြီး၊ လေယာဉ် ကိုယ်ထည်ဟာ သုံးပိုင်း ကျိုးသွားခဲ့ ပါတယ်။

အခုလို မတော်တဆ ဖြစ်မှုကြောင့် အနည်းဆုံး လူ လေးဦး သေဆုံးသွား တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာတော့ အနည်းဆုံး လူ ၈ ဦးလောက် ပါလာတယ်လို့ သိရပါတယ်။

ဒီလေယာဉ်ဟာ တူပိုလက်ဗ် ၂၀၄ အမျိုး အစား လေယာဉ် ဖြစ်ပြီး၊ ရုရှားပိုင် Red Wings လေကြောင်းလိုင်း ပိုင် ဖြစ်ပါတယ်။

အဲဒီ အချိန်တုန်းက နှင်းနည်းနည်း ကျနေ တယ်လို့ သိရပေမဲ့ ဖြစ်ပွားရခြင်း အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။