BBC navigation

ပါကစ္စတန် အရန်တပ်သားတွေ သတ်ဖြတ်ခံရ

နောက်ဆုံး ရေးသားချိန် 30 ဒီဇင်ဘာလ 2012 - 16:45 GMT

အလောင်းတွေကို သူတို့စခန်းကနေ ၄ ကီလို မီတာ တောင် မဝေး လှတဲ့ နေရာမှာ ပြန်တွေ့ခဲ့

ပါကစ္စတန် နိုင်ငံမှာ ပြီးခဲတဲ့ ကြာသပတေး နေ့က ပြန်ပေးဆွဲ ခံခဲ့ ရတဲ့ အရန် တပ်ဖွဲ့ဝင် ၂၁ ဦး နိုင်ငံ အနောက်မြောက် ဘက်မှာ သေဆုံး နေတာကို တွေ့ရှိ ခဲ့ရတယ်လို့ ပါကစ္စတန် အရာရှိ တွေက ပြောပါတယ်။

သေဆုံး သူတွေရဲ့ ရုပ်အလောင်း တွေမှာ သေနတ် ကျည်ဆံ ထိမှန် ထားတာကို တွေ့ရ တယ်လို့ ဆိုပါတယ်။

လက်နက် အပြည့် အစုံ ကိုင်ဆောင် ထားတဲ့ စစ်သွေးကြွ တွေက ဒီအရန် တပ်ဖွဲ့တွေကို ပက်ရှဝါ မြို့အနီး စခန်းတွေ ကနေ ဖမ်ဆီး သွားကြတာ ဖြစ်ပြီး၊ အခုတော့ အလောင်းတွေကို အဲဒီ နေရာ ကနေ ၄ ကီလိုမီတာ တောင် မဝေး လှတဲ့ နေရာမှာ ပြန်တွေ့ ခဲ့တာ ဖြစ်ပါတယ်။

ပြန်ပေးဆွဲ ခံခဲ့ရ သူတွေ ထဲက တဦး ကတော့ ထွက်ပြေး လွတ်မြောက်လာ ခဲ့ပြီး၊ အာဏာပိုင် တွေထံ သတင်းပို့ ခဲ့တာ ဖြစ်ပါတယ်။

ပြန်ပေးဆွဲ ခံခဲ့ရ သူတွေရဲ့ လက်တွေကို ကြိုးနဲ့ ချည်ကာ တန်စီခိုင်းပြီး ပစ်သတ် ခဲ့တာ ဖြစ်တယ်လို့ အရာရှိ တွေက ပြောပါတယ်။

တာလီဘန်တွေ ကတော့ အဲဒီလူတွေကို သူတို့ သတ်ပစ် လိုက်တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။