BBC navigation

ဘာရိန်းရဲကို ထောင်ခုနှစ်နှစ်ချ

နောက်ဆုံး ရေးသားချိန် 31 ဒီဇင်ဘာလ 2012 - 01:08 GMT

ဘာရိန်း ဆန္ဒပြပွဲမှာ သေဆုံးသွားသူတွေ

ဘာရိန်းနိုင်ငံမှာ မနှစ်တုန်းက နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုတွေ ဖြစ်တုန်း ဖမ်းထားတဲ့ လူတယောက်ကို သေတဲ့ထိ တိုင်အောင် ရိုက်နှက်ခဲ့တဲ့ အတွက် အဲဒီ ရဲနှစ်ယောက်ကို ထောင် ခုနှစ်နှစ်ဆီ တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

သီတင်းပတ်ပေါင်း များစွာ မငြိမ်မသက် ဖြစ်ခဲ့တုန်းက ဖမ်းထားတဲ့ ရှီးယား လူမျိုးတွေကို နှိပ်စက် ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အရာရှိ တော်တော်များများကို စုံစမ်း စစ်ဆေး ၊ တရားစီရင် နေရာမှာ အဲဒီ ရဲ နှစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။

ဘာရိန်း လုံခြုံရေးတပ် တွေဟာ ရာနဲ့ချီတဲ့ ရှီးယား ဆန္ဒပြသမားတွေကို ပုံမှန် နှိပ်စက် အပြစ်ပေးတာတွေ လုပ်ခဲ့တယ် ၊ သူတို့လိုချင်တဲ့ အတိုင်း ဝန်ခံချက်တွေ ထွက်ခိုင်းတယ်လို့ ပြီးခဲ့တဲ့ လတုန်းက နိုင်ငံတကာက အထင်ကရ ပုဂ္ဂိုလ် ဥပဒေ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့က စွပ်စွဲ ပြောကြားထား ပါတယ်။

ဘာရိန်း ပြည်ထဲရေး ဝန်ကြီးကတော့ ဒီစွပ်စွဲချက် တွေကို ငြင်းပယ်ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။