BBC navigation

လူချမ်းသာတွေကို အခွန် ၇၅ ရာခိုင်နှုန်း ကောက်ဖို့ ပြင်သစ်သမ္မတ ကြိုးစား

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 15:53 GMT
Gerard Depardieu

အစိုးရက အခွန်တိုးကောက်ရင် သူတို့ တိုင်းပြည်အပြင် ထွက်နေမယ်လို့ဆိုသူ မင်းသား Gerard Depardieu

တရားရုံးက အခြေခံဥပဒေနဲ့ မညီပါဘူးလို့ ဆုံးဖြတ်တဲ့ကြားက ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်းက တိုင်းပြည်ရဲ့ လူချမ်းသာတွေကို အခွန် ၇၅ ရာခိုင်နှုန်း ကောက်ခံဖို့ ထပ်ကြိုးစားမယ်လို့ ပြောပါတယ်။

ခရစ်နှစ်ကူး တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်းမှာ တရားရုံး ဆုံးဖြတ်ချက်ကို ပြောင်းပြန်ဖြစ်အောင် လုပ်မယ်လို့ ထည့်သွင်းပြောပါတယ်။

တကယ်တော့ တရားရုံးက အခွန်တိုးကောက်မယ့် ကိစ္စကို သုံးသပ် ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ၊ ဥပဒေကြမ်း လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စတွေကိုသာ ထောက်ထား ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်ကြီးတွေကတော့ အစိုးရဟာ လူချမ်းသာတွေ တိုင်းပြည်က ထွက်သွားအောင် လုပ်တာပဲလို့ ပြောပါတယ်။

ရုပ်ရှင်မင်းသား Gerard Depardieu အပါအဝင် နာမည်ကျော် တချို့ကတော့ သူတို့ တခြားနိုင်ငံ သွားနေကြမယ်လို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။