BBC navigation

ကမ္ဘာတလွှား နှစ်သစ်ကို ကြိုကြပြီ

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 00:59 GMT

ဆစ်ဒနီမှာ ကျင်းပတဲ့ နှစ်သစ်ကူးပွဲ

ကမ္ဘာတလွှားမှာ သန်းနဲ့ချီတဲ့ လူတွေဟာ ၂ဝ၁၃ ခုနှစ်ကို ကြိုဆို ခဲ့ကြပါတယ်။

လန်ဒန်မြို့က ဘစ်ဘန် နာရီစင်ကြီး အနီးမှာလည်း မီးရှူး မီးပန်းတွေ ဖောက်ကာ ကြိုဆိုကြပြီး လူတွေ သိန်းနဲ့ချီ တက်ရောက်ခဲ့ပါတယ်။

ပစ္စဖိတ် ဒေသ တဝိုက် ကနေ စတင်ပြီး နှစ်သစ်ကို ကြိုဆိုခဲ့ရာမှာ သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာလည်း တခြား မြို့ကြီးတွေမှာလိုဘဲ မီးရှူး မီးပန်းတွေ ဖောက်ပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာတော့ နိုင်ငံရေး ချုပ်ကိုင်မှုတွေ လျှော့ပေါ့ပေးတဲ့ နောက်ဆုံး ပြယုဂ် အဖြစ် မနေ့က ဒေသစံတော်ချိန် ည၁၂ နာရီမှာ ၂ဝ၁၃ ခုနှစ်ကို တပျော်တပါး ဂီတပွဲတော်တွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

စစ်အစိုးရ လက်ထက်မှာ လူစုလူဝေးနဲ့ စုရုံးမှုတွေကို တားမြစ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ မနေ့ညက ကျင်းပခဲ့တဲ့ နှစ်သစ်ကူး ပွဲမှာတော့ လူတွေ သောင်းနဲ့ချီပြီး ပါဝင် ဆင်နွှဲခဲ့ကြတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ အမှတ်အသား ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ် ပူဇော်ရာ ရွှေတိဂုံ စေတီတော် အနောက်ဘက်က မိုင်ဒါကွင်းမှာ ဒီနှစ်သစ်ကူး ပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။