BBC navigation

Fiscal Cliff အရေး သဘောတူညီမှု မရသေး

နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2013 - 00:53 GMT

Fiscal CLiff အရေး ဆွေးနွေးနေတဲ့ Capital Hill

အမေရိကန် ပြည်ထောင်စုမှာ အစိုးရ အသုံးစရိတ် အကြီးအကျယ် ဖြတ်တောက်ပြီး အခွန်တွေ အဆမတန် တိုးကောက်ကာ ဘတ်ဂျတ် လိုငွေလျော့မယ့် အစီအစဉ်ကို ရှောင်ရှား နိုင်ဖို့ သဘော တူညီချက် တခုခု အတွက် အောက်လွှတ်တော် အမတ်တွေက ဒေသစံတော်ချိန် သန်းခေါင်ယံ မတိုင်မီ အထိ မဲပေးမှာ မဟုတ်ဘူးလို့ ရီပါ့ဘလစ်ကန် အရာရှိတွေက ပြောပါတယ်။
ဒါ့အပြင် ဘယ်လို အစီအစဉ်တွေ အမြန် အကောင်အထည် ဖော်မလဲ ဆိုတာကို အိမ်ဖြူတော် အစိုးရ အဖွဲ့နဲ့ ဆီးနိတ် လွှတ်တော် အမတ်တွေကြား ဆွေးနွေး နေကြပြီး သဘောတူညီချက် ရပြီ ဆိုရင် အောက်လွှတ်တော် အမတ်တွေက အချိန်ယူ လေ့လာ သုံးသပ်ဖို့ လိုတယ်လို့ အရာရှိတွေက ဆိုပါတယ်။

လုပ်ထုံး လုပ်နည်း အရ ပြောရမယ် ဆိုရင်တော့ fiscal cliff လို့ခေါ်တဲ့ ဘဏ္ဍာရေး အစီအစဉ်ကို အမေရိကန်တွေ ဖြတ်သန်း ရင်ဆိုင်ရပါ လိမ့်မယ် ၊ ဆိုလိုတာက မနေ့က အမေရိကန် အချိန် သန်းခေါင်းယံက စပြီး ဒီအစီအစဉ်က သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် ၂၄ နာရီ အတွင်း အပြီးသတ် သဘောတူညီချက် ချနိုင်ရင်တော့ ထိခိုက် အကျိုးသက်ရောက်မှု နည်းနည်းသာ ခံရမှာ ဖြစ်ပါတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။