BBC navigation

Fiscal CLiff အရေး အောက်လွှတ်တော် ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 2 ဇန်နဝါရီလ 2013 - 01:31 GMT

အောက်လွှတ်တော် ဥက္ကဌ John Boehner

အမေရိကန် ပြည်ထောင်စုမှာ ရက်အတန်ကြာ အပြင်းအထန် ညှိနှိုင်း ဆွေးနွေးပြီး နောက်ဆုံး အချိန် ကျမှ ဆီးနိတ် အထက်လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် နိုင်ခဲ့တဲ့ အခွန်တွေ တိုးမြှင့် ကောက်ခံပြီး အသုံးစရိတ် ဖြတ်တောက်မယ့် အစီအစဉ်ကို ပြောင်းလဲပစ်မယ့် သဘောတူညီချက်ကို အခုတော့ အောက်လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။

မဆိုင်းမတွ သဘောတူညီချက် ချဖို့ ရီပါ့ဘလစ်ကန်တွေ လွှမ်းမိုးတဲ့ အောက်လွှတ်တော်ကို သမ္မတ အိုဘားမားက တိုက်တွန်းခဲ့ပေမယ့် ရီပါ့ဘလစ်ကန် ခေါင်းဆောင် တော်တော်များများက ဒီသဘောတူညီချက် အပေါ် အကြီးအကျယ် သံသယတွေ ရှိတယ်လို့ ဆိုပါတယ်။

ဘယ်တော့မှ အခွန်တိုးမကောက်ဘူးလို့ ဂတိပေးခဲ့တဲ့ သူတို့စကားကို ရီပါ့ဘလစ်ကန်တွေက မချိုးဖောက်ချင်ဘူး ဒါပေမယ့် အဲလို မချိုးဖောက်ဘဲ ထားရင်လည်း နလံထူစ အမေရိကန် စီးပွားရေးကို ယိုင်နဲ့ သွားစေနိုင်တယ် ဆိုတာကို သူတို့ သိတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။