BBC navigation

နှစ်သစ်ကူးညမှာ လူအုပ်စုကြား တိုးဝှေ့ပိသေ

နောက်ဆုံး ရေးသားချိန် 2 ဇန်နဝါရီလ 2013 - 01:33 GMT

လူအုပ်ကြား တိုးပိ သေဆုံးသူတွေရဲ့ ကျန်ရစ်ပစ္စည်းတွေ

အိုင်ဗရီကိုးစ် နိုင်ငံမှာ လူခြောက်ဆယ် သေဆုံးပြီး အများအပြား ဒဏ်ရာ ရခဲ့တဲ့ အတွက် နိုင်ငံတလွှား ဝမ်းနည်းခြင်း အထိမ်းအမှတ် သုံးရက်တာ သတ်မှတ် ကျင်းပခဲ့ပါတယ်။

နှစ်သစ်ကူး ညတုန်းက မီးရူးမီးပန်း ဖောက်ပွဲ ကျင်းပနေတုန်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ အတွက် လူတွေ သေဆုံး ဒဏ်ရာရခဲ့တာ ဖြစ်ပြီး အဲဒီ အထဲမှာ အများစုဟာ ဆယ်ကျော်သက်တွေ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ဆေးရုံ တင်ထားရတဲ့ ဒဏ်ရရသူ တချို့ကို သမ္မတ အဲလက်ဆန် ဝါတာရာ သွားရောက် ကြည့်ရူခဲ့ပြီး ဒီလို တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အဖြစ်ဆိုးကြီး ဖြစ်ရတဲ့ အတွက် စုံစမ်း စစ်ဆေးသွားမယ်လို့ ပြောပါတယ်။

မြို့တော် Abidjan ရှိတဲ့ အားကစားရုံနားမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းမျိုးစုံ ထွက်နေပေမယ့် လူအုပ်ကြားမှာ ဓါးတွေကိုင်ထားတဲ့ လူငယ်တွေက မိုဘိုင်းဖုန်းတွေ စပြီး ခိုးယူချိန်မှာ လူတွေ ကြောက်လန့်တကြား ဖြစ်ကုန်ကြတာလို့ မျက်မြင် သက်သေ တချို့က ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။