BBC navigation

မြောက်ကိုရီးယား ဒုက္ခသည် လျော့နည်းလာ

နောက်ဆုံး ရေးသားချိန် 2 ဇန်နဝါရီလ 2013 - 16:50 GMT

ခေါင်းဆောင်သစ် ကင်ဂျုံအန်း လက်ထက်မှာ နိုင်ငံ ကနေ ထွက်ပြေးဖို့ သိပ်မလွယ်ပါ

မြောက်ကိုရီးယား ကနေ တောင်ကိုရီးယား ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေ အတွက်ဟာ သိသိ သာသာ လျော့ကျ သွားတယ်လို့ တောင်ကိုရီးယား ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၂ က မြောက်ကိုရီးယား ဒုက္ခသည် စုစုပေါင်း ၁၅၀၀ ကျော်ကျော် လောက်သာ ဝင်ရောက် လာတာ ရှိခဲ့ပြီး၊ ၂၀၁၁ ခုနှစ်က ဆိုရင် ၂၇၀၀ ကျော် တောင် ဝင်ရောက် လာခဲ့ကြတာ ဖြစ်ပါတယ်။

ခေါင်းဆောင်သစ် ကင်ဂျုံးအန်း လက်အောက် မြောက်ကိုရီးယား နိုင်ငံမှာ လူတွေ ထွက်ပြေးတာ အတွက် ပိုမို တင်းကျပ်တဲ့ အရေးယူ ဆောင်ရွက် မှုတွေ ရှိနေတယ်လို့ တောင်ကိုရီးယားမှာ ရှိတဲ့ တက်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။

တရုတ် နိုင်ငံကို ထွက်ပြေး ပုန်းအောင်း နေသူ မြောက်ကိုရီးယား တွေကိုလည်း တရုတ် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပေါင်းပြီး အပြင်း အထန် ရှာဖွေ မှုတွေ ပြုလုပ် နေတယ်လို့ လည်း အဲဒီ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။