BBC navigation

အမေရိကန်မှာ အယ်လ်ဂျာဇီးရား ပြတော့မယ်

နောက်ဆုံး ရေးသားချိန် 3 ဇန်နဝါရီလ 2013 - 17:04 GMT
aljazeera

အယ်လ်ဂျာဇီးရား ရုပ်သံ အမေရိကန်မှာလွှင့်မယ်

ကာတာ အခြေစိုက် အယ်လ်ဂျာဇီးရား သတင်းဌာနက အမေရိကန် ပြည်ထောင်စု မှာ ရုပ်မြင်သံကြား သတင်းလိုင်း အသစ်တခု စတင် လွှင့်ထုတ်ပါတော့မယ်။

Current TV ရုပ်သံလိုင်းကို အယ်လ်ဂျာဇီးရားက လောလောဆယ် ဝယ်ယူလိုက်တာဖြစ်တဲ့ အတွက် အယ်လ်ဂျာဇီးယား အမေရိက ကို အမေရိကန် ပြည်သူ သန်းနဲ့ချီပြီး ကြည့်ရှုခွင့်ရကြတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတော်တော်များများမှာ အယလ်ဂျာဇီးရား ရုပ်မြင်သံကြားကို ဖမ်းယူကြည့်ရှုလို့ မရကြသေးပါဘူး။

သဘောတူစာချုပ်ကို တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိပေမဲ့ တချို့ ဝေဖန်သုံးသပ်သူတွေကတော့ ဒီသတင်းလိုင်း ဝယ်ယူခဲ့တဲ့ ပေါက်စျေးဟာ ဒေါ်လာသန်း ၅၀၀ လောက်ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။