BBC navigation

ဂျွန် ဘိုနာ ကွန်ဂရက် ဥက္ကဋ္ဌ ဆက်ဖြစ်

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 01:12 GMT
 boehner

ဘဏ္ဍာရေး သဘောတူညီမှု ယူပြီးနောက် ပြန်တင်မြှောက်ခံရ

ရီပတ်ဘလစ်ကန် ပါတီက ဂျွန် ဘိုနာကို ကွန်ဂရက် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် နောက်ထပ် သက်တမ်း ၂ နှစ် ထပ်မံ တင်မြှောက် လိုက်ပြီ ဖြစ်ပါတယ်။

ဘဏ္ဍာရေး ကသောင်းကနင်း ကိစ္စတွေ မဖြစ်အောင် ရှောင်လွှဲ နိုင်ဖို့ အတွက် သူ့ပါတီ ထဲက လူတွေနဲ့ ပြန်ပြီး ထိပ်တိုက်တွေ့ သဘောကွဲလွဲမှုတွေ ဖြစ်ပြီးခါစ ၂ ရက် အတွင်းမှာပဲ သူ့ကို ဒီလို ပြန်လည် တင်မြှောက်လိုက်ကြတာ ဖြစ်ပါတယ်။

သက်တမ်းအရှည်ဆုံး ကွန်ဂရက် လွှတ်တော် အမတ် John Dingell က ဂျွန် ဘိုနာ အတွက် ကျမ်းသစ္စာ တိုင်တည်ပေးခဲ့ပါတယ်။

ဘဏ္ဍာရေး သဘောတူညီမှုနဲ့ ဖြေရှင်းလို့မရသေးတဲ့ စီးပွားရေး ပြဿနာတွေ ကိုင်တွယ်ဖို့ ကွန်ဂရက် လွှတ်တော်သစ်ကို တောင်းဆိုကြမှာ ဖြစ်ပါတယ်။

ဒီလွှတ်တော်သစ်ဟာ ဥပဒေ ၁၅၁ ခုပဲ ပြဋ္ဌာန်းပေးနိုင်တဲ့ အရင် ကွန်ဂရက် အဟောင်းထက် ပိုပြီး သွက်လက် မြန်ဆန် လာလိမ့်မယ်လို့ စျေးကွက် ပိုင်းကလဲ မျှော်လင့် နေကြကြောင်း သတင်းထောက်တွေက ပြောဆိုပါတယ်။

ကွန်ဂရက် အနေနဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းထိ အမေရိကန် အစိုးရ ပေးချေစရာ ရှိတာတွေ ဆက်ပြီး ပေးနေနိုင်ဖို့ အကြွေး အများဆုံး ယူနိုင်တဲ့ သတ်မှတ်ချက် အသစ်ကို ထပ်ပြီး သဘောတူ သတ်မှတ် ပေးရအုံးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။