BBC navigation

အိန္ဒိယ ကျောင်းသူ အဓမ္မ ပြုမှု တရားစွဲ

နောက်ဆုံး ရေးသားချိန် 3 ဇန်နဝါရီလ 2013 - 17:01 GMT
India Rape

အိန္ဒိယမှာ အမျိုးသမီးများရဲ့ လုံခြုံရေး အတွက် ဆန္ဒပြ တောင်းဆို

အိန္ဒိယနိုင်ငံမှာ တနိုင်ငံလုံး အမျက်ဒေါသ အုံကြွခဲ့ကြတဲ့ ဆေးကျောင်းသူ မိန်းမငယ် တယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုအတွက် လူငါးယောက်ကို တရားစွဲဆို လိုက်ပါပြီ။

ဒေလီမြို့တော်က အထူးအရေးပေါ်တရားရုံး မှာ ရဲအဖွဲ့က တရားစွဲဆိုချက် အသေးစိတ်နဲ့ အတူ သက်သေ အထောက်အထား စာမျက်နှာ တထောင်ကိုပါ တင်ပြဖို့ရှိပါတယ်။

ပြီးခဲ့တဲ့လတုန်းက မြို့တော် ဘတ်စ်ကားတစီးပေါ်မှာ ဒီအမှု ဖြစ်ပွားခဲ့တာပါ။ ပြစ်မှု ထင်ရှားရင် တရားခံတွေဟာ သေဒဏ်အထိ ကျခံရနိုင်ပါတယ်။ ဒါပေမဲ့ ရဲအဖွဲ့ကတော့ အခုအဆင့်မှာ သူတို့ဟာ တရားရုံးကို လူကိုယ်တိုင် တက်ရောက်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆဌမ မြောက် တယောက် ကိုတော့ အသက်ပြည့် မပြည့် သူ့အသက်နဲ့ ပတ်သက်ပြီး ဆေးစစ် အတည် ပြုချက် မရသေးခင်မှာ တရားစွဲဆို ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။