BBC navigation

ဂျပန်က အတိုးနိမ့်ချေးငွေ သန်းရာချီပေး

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 01:49 GMT
arso

ဂျပန် အစိုးရသစ် လက်ထက် မြန်မာကို အရင်ဆုံး ရောက်လာ

မြန်မာ အစိုးရက ဂျပန်ကို ဆပ်ဖို့ အချိန်လွန်နေတဲ့ ဒေါ်လာ သန်း ၅၇၅ဝ ကို ဇန်နဝါရီ လကုန်မှာ လျှော်ပစ် ပြီးရင် မတ်လမှာ ဂျပန်က ဒေါ်လာ ၅၇၅ သန်း တန် အတိုးနိမ့် ချေးငွေ ထပ်ပြီး ထုတ်ချေးမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန် ဒုတိယ ဝန်ကြီးချုပ် နဲ့ ဘဏ္ဍာရေး ဝန်ကြီး တာရို အာဆိုက သမ္မတ ဦးသိန်းစိန်ကို ပြောကြား လိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲရေး အတွက် ဂျပန်က အပြည့်အဝ ကူညီသွားမှာ လို့လဲ တာရို အာဆိုက ပြောကြား ခဲ့ပါတယ်။

ဂျပန် အစိုးရသစ် တက်ပြီးပြီးချင်း ပထမဆုံး ထွက်တဲ့ အစိုးရ ခရီးစဉ် ဖြစ်ပြီး ဂျပန်က မြန်မာကို ငွေ ထုတ်ချေးမယ့် အချိန် သတ်မှတ်ချက်ကို ပထမဆုံး အကြိမ် တိတိကျကျ ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။