BBC navigation

ဇန်နဝါရီ ၄ ရက်နေ့၊ တရုတ်မှာ လက်ထပ်သူများ

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 16:58 GMT

ဘေဂျင်းမှာ စုံတွဲ တသောင်း လောက် လက်ထပ် ခဲ့ကြ တယ်လို့ ဆိုပါတယ်

တရုတ်နိုင်ငံက ချစ်သူ စုံတွဲ တွေဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ လက်ထပ် နိုင်ဖို့ အတွက် အစိုးရ တရားရုံး တွေဆီမှာ စုရုံး ရောက်ရှိခဲ့ကြ ပါတယ်။

အကြောင်း ကတော့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့ကို တရုတ် မန်ဒရင်း ဘာသာ စကားနဲ့ ခေါ်ဆိုတဲ့ အခါ၊ ဘဝ တခုလုံး အတွက် ချစ်မြတ်နိုးတာပါ ဆိုပြီး အဓိပ္ပါယ် သက်ရောက် တာကြောင့် ချစ်သူ တွေဟာ အဲဒီ နေ့မှာ လက်ထက် ဖို့ ဆန္ဒ ရှိနေ ကြတာ ဖြစ်ပါတယ်။

ထောင်သောင်း ချီတဲ့ စုံတွဲတွေဟာ တရားရုံး တွေမှာ လက်မှတ်ထိုးခဲ့ ကြပါတယ်။

လက်မှတ် မထိုးရ သေးတဲ့ စုံတွဲတွေ ဟာလည်း တရုတ် နိုင်ငံ တလွှား တရားရုံးတွေ ရှေ့မှာ အုပ်ကြီး အုပ်ငယ်နဲ့ တန်းစီ စောင့်ဆိုင်းနေခဲ့ ကြပါတယ်။

မြို့တော် ဘေဂျင်းမှာ ဆိုရင် စုံတွဲ တသောင်းလောက် လက်ထပ်ဖို့ ရှိနေပြီး၊ ရက်ချိန်း မယူထားတဲ့ တခြား စုံတွဲ တွေလည်း တရားရုံးကို အပြေး အလွှား ရောက်လာခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။