BBC navigation

ဆန်ဒီလေဘေး အမေရိကန် ကွန်ဂရက် ကူညီ

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 23:05 GMT
sandy storm

မကြုံစဖူး ပျက်စီး နစ်နာခဲ့ရ

မနှစ် အောက်တိုဘာလက အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်း ဒေသတွေကို ဝင်ရောက် မွှေနှောက် သွားတဲ့ ဆန်ဒီ မုန်တိုင်း လေဘေး ဒုက္ခသည် တွေ ကူညီရေး အတွက် အမေရိကန် ကွန်ဂရက် က ဒေါ်လာ သန်းပေါင်း တသောင်း ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဘဏ္ဍာရေး ဘက်ဂျက် အငြင်းပွားမှု ကြောင့် ကွန်ဂရက်က ဒီသီတင်းပတ် အစောပိုင်းမှာ ကူညီရေး ရန်ပုံငွေ ခွင့်မပြုနိုင် ဖြစ်နေခဲ့လို့ လေဘေးကို အဆိုးရွားဆုံး ကြုံတွေ့ ခဲ့ရတဲ့ ပြည်နယ်သား တွေက ဒေါသ ထွက်ခဲ့ကြပါတယ်။

မုန်တိုင်းနဲ့ တည့်တည့် တိုးခဲ့တဲ့ နယူးယောက်နဲ့ နယူးဂျာဆီ ပြည်နယ် တွေက နိုင်ငံရေး သမား တွေ ရဲ့ ဖိအားပေး တိုက်တွန်းမှုကို ကွန်ဂရက် ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် ပါတီ အမတ် ဂျွန်ဘိုနာက လက်ခံ လိုက်ပြီ ဖြစ်ပါတယ်။

အရေးပေါ် အကူအညီ အဖြစ် နောက်ထပ် ဒေါ်လာ သန်း ၅ သောင်း ထည့်ဝင်ဖို့ ဒီလကုန်မှာ မဲခွဲ ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။