BBC navigation

Transocean ရေနံကုမ္ပဏီကို ဒဏ်ငွေချ

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 01:13 GMT
BP ရေနံကုမ္ပဏီ ကမ်းလွန်ပေါက်ကွဲမှု

BP ရေနံကုမ္ပဏီ ကမ်းလွန်ပေါက်ကွဲမှု

Transocean က အရပ်ဘက် ဆိုင်ရာပြစ်မှု အတွက် ဒဏ်ငွေ ဒေါ်လာ သန်း ၁ထောင်နဲ့ ပြစ်မှုဆိုင်ရာ ဒဏ်ငွေ ဒေါ်လာ သန်း ၄ဝဝ ပေးဖို့သဘောတူ လိုက်ပါပြီ။

မက္ကဆီကို ပင်လယ်ကွေ့မှာရှိတဲ့ Macondo ရေနံတွင်းကို ဗြိတိသျှ ကုမ္ပဏီဖြစ်တဲ့ ဘီပီက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ဝ၁ဝ ဧပြီလတုန်းက မီးလောင်ပေါက်ကွဲတဲ့ ရေနံတွင်းတူးစင်ကို Transocean ကပိုင်ဆိုင်ပြီး တူးဖေါ်တာ ဖြစ်ပါတယ်။

အဲဒီပေါက်ကွဲမှုအတွင်း လူ၁၁ယောက် သေဆုံးခဲ့ရပါတယ်။ အမေရိကန် တရားရေးဌာနနဲ့ ရင်ဆိုင်ဖြေရှင်းရာမှာ သူ့ရဲ့အလုပ်သမားတွေဟာ ဘေးကင်းရမယ့် တွင်းထဲကို ဓါတ်ငွေ့တွေဝင်နေတဲ့ သိသာတဲ့လက္ခဏာကို မလိုက်နာဘဲ ပျက်ကွက်ခဲ့တယ်လို့ ကုမ္ပဏီက ဝန်ခံပါတယ်။

ဒီစီမံကိန်းကြီး တခုလုံးကို တာဝန်ယူရတဲ့ ဘီပီက အတတ်ပညာရှင်တွေကိုလည်း Transocean က တောက်လျှောက် အပြစ်တင်ခဲ့ပါတယ်။

အခုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို ချိုးဖေါက်တဲ့ အတွက် အပြစ်ရှိတယ်လို့ ကုမ္ပဏီက ဝန်ခံပါတယ်။

ဒါကြောင့် ပြစ်မှုနဲ့ အရပ်ဘက်ဆိုင်ရာ ပြစ်ဒဏ် ဒေါ်လာသန်းပေါင်း ၁၄ဝဝ ပေးချေရမှာ ဖြစ်တယ်လို့ ဝါရှင်တန်ရှိဘီဘီစီ သတင်းထောက် Steve Kingstoneက သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။