BBC navigation

ဗင်နီဇွဲလား သမ္မတ အရံ ရွေးဖို့ပြင်

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 00:49 GMT
caracas

ချာဗက်ဇ် လက်ရုံး ကာဘယ်လီယိုက ဆက်ခံမလား

ကျူးဘားမှာ ကင်ဆာရောဂါနဲ့ စစ်ခင်း နေရတဲ့ ဗင်နီဇွဲလား သမ္မတ ဟူးဂိုး ချာဗက်ဇ် နေရာ အတွက် အရံလူ ရွေးဖို့ ဗင်နီဇွဲလား အမျိုးသား လွှတ်တော်မှာ စတင် ဆွေးနွေး နေကြပြီ ဖြစ်ပါတယ်။

မစ္စတာ ချာဗက်ဇ်ရဲ့ လက်ရုံး မဟာမိတ် ဒီရော့စဒါဒို ကာဘယ်လီယို (Diosdado Cabello) ကို လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ပြန်လည် တင်မြှောက် လိုက်ကြပါတယ်။

တော်လှန်ရေးကို ဆက်ပြီး ခေါင်းဆောင် သွားဖို့ မစ္စတာ ချာဗက်ရဲ့ နောက်ထပ် ၆ နှစ် သမ္မတ သက်တမ်း ပြည်သူက ရွေးချယ်ထား ခဲ့ပြီးမို့ ဖယ်ရှားလို့ မရဘူးလို့ မစ္စတာ ကာဘယ်လီယို ပြောကြား သွားခဲ့ပါတယ်။

ကြာသပတေး နေ့ ကျင်းပဖို့ ရှိတဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ပွဲကို သမ္မတ ကိုယ်တိုင် တက်နိုင်မှာ မဟုတ်ဘူးလို့လဲ ခန့်မှန်း နေကြပါတယ်။

လိုအပ်လာရင် မစ္စတာ ကာဘယ်လီယို ယာယီ အုပ်ချုပ် ရဖို့ ရှိတယ်လို့ ကရားကက်စ် မြို့တော်က ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။