BBC navigation

ဆီးရီးယား သမ္မတ နိုင်ငံတော်ကို မိန့်ခွန်းပြော

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 16:39 GMT

စေ့စပ်ဆွေးနွေးရေးကို ကမ်းလှမ်းလိုက်ပေမယ့် အနောက် နိုင်ငံတွေက ဖန်တီးထားတဲ့ ရုပ်သေးတွေနဲ့ မဆွေးနွေး ဘူးလို့ ပြောပါတယ်

ဆီးရီးယား သမ္မတ အာဆတ်ရဲ့ ၆ လ အတွင်း ပထမဆုံး ပြောတဲ့ မိန့်ခွန်းမှာ၊ သူ့အစိုးရ အဖွဲ့ကို အတိုက် အခံ တွေက စစ်ပွဲ ဆင်နွှဲ နေတဲ့ အပေါ် ရှုတ်ချ လိုက် ပါတယ်။

ဒမတ်စကတ်စ် မြို့တော်ရှိ အော်ပရာ ကပွဲရုံမှာ သမ္မတ အာဆတ်က တနာရီ နီးပါးသူ့ကို ထောက်ခံသူ လူတထောင်ကျော် ရှေ့မှာ မိန့်ခွန်း ပြောကြား ခဲ့တာ ဖြစ်ပါ တယ်။

သူ့ပြောကြားချက် တိုင်းကို ထောက်ခံ နေကြတဲ့ ပရိသတ်ကို အကြမ်းဖက်မှု ဆက်တိုက် သွားမယ်လို့ သမ္မတက ပြောပါတယ်။ ပရိသတ်က သမ္မတ အတွက် အသက်နဲ့သွေး စွန့်မယ်လို့ ကြွေးကြော်ကြ ပါတယ်။

သမ္မတက သူ့ကို တိုက်ခိုက် နေသူတွေဟာ သူ့အပြောအရ ဆိုရင် အယ်လ်ကိုင်းဒါးက ဖွဲ့ပေးထားတဲ့ နိုင်ငံခြား အကြမ်းဖက် အုပ်စုတွေက ဦးဆောင်တာလို့ အခိုင်အမာ အထပ်အထပ် အခါခါ ပြောပါတယ်။

ရန်သူတွေက တော်လှန်ရေးလို့ ကြွေးကြော် နေပေမယ့် ဒါမဟုတ်တဲ့ အကြောင်းနဲ့ အဲဒီသူတွေရဲ့ ခေါင်းဆောင်တွေက ဘယ်သူလဲ ဆိုပြီး မစ္စတာ အာဆတ်က မေးခွန်း ထုတ်လိုက်ပါတယ်။

နောက်ပြီး သူလက်ခံ နိုင်တဲ့ အတိုက်အခံတွေနဲ့ စကားပြောဖို့ ကမ်းလှမ်းလိုက်ပြီး၊ သူ့အဆို အနောက် နိုင်ငံတွေက ဖန်တီးထားတဲ့ ရုပ်သေးတွေနဲ့ မဆွေးနွေး ဘူးလို့ ပြောပါတယ်။

အခြေခံ ဥပဒေသစ် ရေးဖို့ ညီလာခံ ခေါ်ရေး ကိုလည်း သူက တောင်းဆို သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။