BBC navigation

အိန္ဒိယနဲ့ ပါကစ္စတန် တပ်ဖွဲ့တွေ ပစ်ခတ်

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 16:52 GMT

ပါကစ္စတန် စခန်းကို အိန္ဒိယက တိုက်ခိုက် ခဲ့ တာလို့ စွပ်စွဲတဲ့ အပေါ် အိန္ဒိယ စစ်တပ်က ပယ်ချ

အိန္ဒိယနဲ့ ပါကစ္စတန် အကြား ငြင်းပွားဖွယ် ဖြစ်နေတဲ့ ကက်ရှ်မီးယား ဒေသ နယ်ခြားကို ဖြတ်ကျော်ပြီး နှစ်ဖက် တပ်ဖွဲ့ဝင်တွေ တဘက်နဲ့ တဘက် ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့ရာ ပါကစ္စတန် စစ်သား တဦး သေဆုံးသွားပါတယ်။

Line of Control လို့ခေါ်တဲ့ နယ်ခြားကို အိန္ဒိယ တပ်ဖွဲ့တွေက ဖြတ်ကျော် ဝင်ရောက် ခဲ့ပြီး ဟက်ဂျီ ပီရာ အပိုင်းက ပါကစ္စတန် စခန်း တခုကို တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန် ဘက်က စွပ်စွဲ လိုက်တဲ့ အပေါ် အိန္ဒိယ စစ်တပ်က ပယ်ချလိုက် ပါတယ်။

အိန္ဒိယ ဘက်က ပြောတာ ကတော့ ပါကစ္စတန် တပ်ဖွဲ့တွေဟာ လက်ရှိ အပစ်အခတ် ရပ်စဲ ထားတာကို ချိုးဖေါက် ခဲ့တဲ့ အတွက် အိန္ဒိယ ဘက်က ပြန်ပစ် ခဲ့ရတာ ဖြစ်ကြောင်း ပြောပါတယ်။

ကက်ရှ်မီးယား ဒေသကို အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံ စလုံးက ပိုင်ဆိုင် တယ်လို့ ကြေညာထား ကြတာ ဖြစ်ပြီး၊ ဒီနယ်မြေ အတွက် နှစ်ကြိမ် တိုင်တိုင် စစ်မက် ဖြစ်ပွားခဲ့ဖူး ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။