BBC navigation

တရုတ်နိုင်ငံ သတင်းစာ အယ်ဒီတာတွေ သပိတ်မှောက်

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 17:05 GMT

အယ်ဒီတာတွေကို ထောက်ခံသူ ရာပေါင်း များစွာဟာ သတင်းစာတိုက် အပြင်ဘက်မှာ စုရုံးခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ဂွမ်ဂျိုး မြို့က သတင်းသမားတွေ သပိတ်ဆင်နွှဲ နေတာကို ထောက်ခံ အားပေးတဲ့ အနေနဲ့ တောင်ပိုင်းက လူအများ အပြားဟာ စုရုံးခဲ့ ကြပြီး နိုင်ငံရေးနဲ့ သတင်းစာ လွတ်လပ်ခွင့် အတွက် တောင်းဆို ဆန္ဒပြခဲ့ ကြပါတယ်။

နိုင်ငံ တောင်ပိုင်းထုတ် အထင်ကရ သတင်းစာ တစောင် ဖြစ်တဲ့ တောင်ပိုင်းအပတ်စဉ် သတင်းစာက အယ်ဒီတာ အဖွဲ့ဝင် အတော် များများဟာ အာဏာပိုင် တွေက ဆင်ဆာ ဖြတ်တောက် တာကို ကန့်ကွက်တဲ့ အနေနဲ့ သပိတ် ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

အစိုးရ အနေနဲ့ အခြေခံ ဥပဒေက အာမခံထားတဲ့ လွတ်လပ်ခွင့် တွေကို လေစားဖို့ ဆိုတဲ့ ထိထိ မိမိရှိလှတဲ့ အယ်ဒီတာ့ အာဘော် တပုဒ်ကို ပြည်နယ် စည်းရုံးရေး မှူး ကနေ ပြင်ဆင် ရေးသား ခဲ့တယ်လို့ အယ်ဒီတာ အဖွဲ့က စွပ်စွဲ ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ် ကွန်မြူနစ် အာဏာပိုင် တွေကို အခုလို ပွင့်ပွင့် လင်းလင်း စိန်ခေါ်မှု လုပ်တာဟာ တရုတ် နိုင်ငံမှာ ဖြစ်ခဲလှပါတယ်။

အယ်ဒီတာတွေရဲ့ လုပ်ရပ်ကို ထောက်ခံသူ ရာပေါင်း များစွာဟာ သတင်းစာတိုက် အပြင်ဘက်မှာ စုရုံး ခဲ့ကြပြီး၊ အများစု ကတော့ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် တောင်းဆို တဲ့ ပိုစတာတွေ စာတန်း တွေကို ကိုင်ဆောင်ထား ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။