BBC navigation

အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသွားမယ်

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 17:48 GMT

အိန္ဒိယကာကွယ်ရေးဝန်ကြီး

အိန္ဒိယကာကွယ်ရေးဝန်ကြီး အေ ကေ အန်တိုနီဟာ ဇန်နဝါရီလ တတိယပတ်မှာ မြန်မာနဲ့ သြစတြေးလျနိုင်ငံတွေကို သွားရောက်မယ်လို့ သိရပါတယ်။

အဲဒီနိုင်ငံတွေနဲ့ စစ်ရေးဆက်ဆံမှုတွေ တိုးချဲ့ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား အပြန်အလှန် လည်ပတ်တာတွေ နဲ့ စစ်ဘက်ခေါင်းဆောင်တွေ ကူးလူး သွားလာ ခဲ့ကြတာကို တွေ့ခဲ့ကြရပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ သူ့အကျိုးစီးပွားအတွက် ဆော်ဒီအာရေဗီးယားနဲ့ ဆက်ဆံသလို၊ ယူကေဟာလည်း ကူဝိတ်နဲ့ သူ့အမျိုးသား အကျိုးစီးပွားအတွက် ဆက်ဆံမှုတွေ ရှိနေကြတာပါ။ ဒီလိုဘဲ အိန္ဒိယဟာ မြန်မာနိုင်ငံအပေါ် သူရဲ့ အမျိုးသားအကျိုးစီးပွားရေးအရ အချိန်ကြာလ ကြာမြင့်စွာကတည်းက စိတ်ဝင်စားမှုရှိခဲ့တဲ့ အလျောက် ဆက်သွယ်ဆက်ဆံမှုတွေ လုပ်နေတာဖြစ်တယ်လို့ အခုခရီးစဉ်နဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံထုတ် ဟင်ဒီသတင်းစာရဲ့ သတင်းထောက် ဆွန်ဒီဗစ်ရှစ်က ပြောပါတယ်။

အခုမြန်မာအစိုးရလက်ထက် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုလုပ်လာရာမှာ နှစ်နိုင်ငံကြား လုပ်နေတဲ့ ကုလားတန်မြစ်စီမံကိန်း၊ သုံးနိုင်ငံ အဝေးပြေး ကားလမ်းမကြီး နဲ့ အိန္ဒိယ ပစိဖိတ်ကော်ရစ်ဒါလို့ခေါ်တဲ့ ရေလမ်းကြောင်းစတဲ့ စီမံကိန်းတွေလို ကုန်သွယ်ရေး လမ်းမကြီးတွေ အတွက် လုံခြုံရေးဟာ နှစ်နိုင်ငံစလို့အတွက် အရေးကြီးတဲ့ အလျောက် မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေလည်း ပိုပြီးရှိလာခဲ့တယ်လို့ ဆွန်ဒီ ဗစ်ရှစ်က ပြောပါတယ်။

အိန္ဒိယ အိုင်လန်ဒါ ထောက်လှမ်းရေးလေယာဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းထောက်ပံမှုတွေ ရှိတခဲ့တာ်လို့ ဆိုပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးယာ မြန်မာနိုင်ငံကို ဇန်နဝါရီလ ၂၂ ၊၂၃ ရက်တွေမှာ သွားရောက်မယ်လို့ ပီတီအိုင် အိန္ဒိယသတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။