BBC navigation

အီရန် ရေနံဓာတ်ငွေ့ အခွန် ထက်ဝက်နီးပါးကျ

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 22:54 GMT
iran oil

နိုင်ငံတကာ ပိတ်ဆို့မှုကြောင့် ရေနံ အရောင်းကျ

အီရန် နိုင်ငံရဲ့ ရေနံနဲ့ ဓာတ်ငွေ့ ကရတဲ့ အခွန်ပမာဏဟာ လွန်ခဲ့တဲ့ ၉ လ အတွင်း ၄၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့တယ်လို့ ဝါရင့် အီရန် လွှတ်တော် အမတ်တဦးက ပြောကြား လိုက်ပါတယ်။

Gholam Reza Kateb ဦးဆောင်တဲ့ လွှတ်တော် ဘက်ဂျက် ကော်မတီက ဒီလို ဝန်ခံ ပြောကြား လိုက်ခြင်းဟာ အီရန် အဏုမြူ စီမံကိန်းကို နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုတွေရဲ့ ထိခိုက်မှု ပမာဏကို ရှားရှားပါးပါး ဝန်ခံ လိုက်တာပဲ ဖြစ်ပါတယ်။

အီရန်က အဏုမြူ လက်နက်ထုတ်ဖို့ လုံးပန်း နေတယ်လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ယူမှတ် ထားကြပါတယ်။

ပြီးခဲ့တဲ့ လပိုင်းမှာပဲ အီရန် ငွေတန်ဖိုး သိသိသာသာ ကျဆင်းလာတာ တွေ့ရပြီး စီးပွားရေး ယိမ်းယိုင်လာတာကို မကိုင်တွယ် နိုင်တဲ့အတွက် အီရန် အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လာကြပါတယ်။

အီရန် ရေနံ ဝန်ကြီး ဌာနကို အကြွေးတင်နေလို့ အစိုးရက ဓာတ်ဆီ မပေးတဲ့ အတွက် မနေ့က အီရန် လေကြောင်းလိုင်း ခရီးစဉ်တွေ အများစုကို ဖျက်သိမ်း ထားပါတယ်။

အီရန် ပုဂ္ဂလိက လေကြောင်းတွေက ဒေါ်လာ သန်း ၁၅ဝ လောက် အစိုးရကို ပေးစရာ ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုကြောင့် အီရန်မှာ လောင်စာဆီ စျေးတွေ ထိုးတက်သွားပြီး လေကြောင်းလိုင်းတွေကတော့ ဆီဖိုး မတတ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။