BBC navigation

ကူဝိတ် ဆန္ဒပြသူတွေကို ရဲဖြိုခွဲ

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 00:18 GMT

ကူဝိတ် စော်ဘွားသစ် ( အဝါရောင်နဲ့ ရှေ့တန်း အလယ်လူ ) Sheikh Sabah al Ahmad al-Sabah

ကူဝိတ် နိုင်ငံမှာ အသစ် ရွေးချယ် တင်မြှောက်လိုက်တဲ့ ပါလီမန်ကို ဖျက်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြသူတွေကို အဓိကရုန်း ရဲတွေက မျက်ရည်ယိုဗုံးတွေ ၊ မူးမေ့စေ တက်တဲ့ လက်နက်တွေ သုံးဖြိုခွဲခဲ့ပြီး ကူဝိတ် မြို့တော်မှာ ဆန္ဒပြမှုတွေကို ခွင့်မပြုဘူးလို့ ပြောပါတယ်။

လူအများအပြားလည်း အဖမ်းခံခဲ့ ရတယ်လို့ သိရပါတယ်။

အတိုက်အခံတွေ လွှမ်းမိုးတဲ့ ပါလီမန်ဟောင်းကို ဖျက်သိမ်းပြီး ကူဝိတ် စော်ဘွားသစ် Sheikh Sabah al Ahmad al-Sabah ရဲ့ အမိန့် ကြေညာချက် အသစ်အရ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ လက ရွေးကောက်ပွဲကို အတိုက်အခံ တွေက သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။