BBC navigation

ကန် ကာကွယ်ရေး ဝန်ကြီးသစ် အမည်တင်သွင်း

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 22:39 GMT
Chuck Hagel

John Brennan နဲ့ Chuck Hagel

အိုဘားမား ဒုတိယ သက်တမ်း အတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီး အဖြစ် ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်ဟောင်း Chuck Hagel ကို အမည် စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

Hagel ဟာ အမေရိကန် လူငယ်တွေကို ဖုန်ထဲ ရွှံ့ထဲမှာ တိုက်ခိုက်ဖို့ လွှတ်ရတာဟာ တကယ် လိုအပ်မှ လုပ်ရတဲ့ ကိစ္စ ဆိုတာ သိတဲ့ လူမျိုးပါ၊ အောက်ခြေမှာ စစ်တိုက်ပြီး သေနေကြတဲ့ ရဲဘော်တွေ အတွက် ကြည့်မယ့် လူမျိုး ဖြစ်တယ် လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ချက် ဟေဂယ်ဟာ သူရဲကောင်း ထူးချွန် တံဆိပ်ရ ဗီယက်နမ် စစ်ပြန်ဟောင်းတို့ လက္ခဏာနဲ့ ခွန်အား သတ္တိ ရှိသူ ဖြစ်ပြီး ဝန်ကြီးလောင်း တွေထဲမှာ စစ်ပွဲ ဒဏ်ရာရခဲ့တဲ့သူ နည်းတယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။

မစ္စတာ ဟေဂယ်ကို ဝန်ကြီး ရာထူးအတွက် တစ်ပေးသူ များပေမယ့်လဲ အီရန် အပေါ် သဘောထား ပျော့ပျောင်းပြီး အစ္စရေး ဆန့်ကျင်သူ အဖြစ် ရီပတ်ဘလစ်ကန် ဘက်က တချို့က ဝေဖန် ကြပါတယ်။

ဒီလျာထားမှု အတည်ပြုချက်ရဖို့ သမ္မတနဲ့ ကွန်ဂရက်ကြား လွန်ဆွဲ ရလိမ့်မယ်လို့ သတင်းထောက်တွေက သုံးသပ် နေကြပါတယ်။

စီအိုင်အေ အကြီးအကဲ သစ် အဖြစ် အကြမ်းဖက်မှု နှိမ်နင်းရေး အကြံပေး ပုဂ္ဂိုလ် John Brennan ကို ရွေးချယ် ထားတယ်လို့ သမ္မတ အိုဘားမားက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။