BBC navigation

သြစတြေလျ တောမီး အကြီးအကျယ်ပြန့်နှံ့

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2013 - 16:36 GMT
Aussie fires

မီး ကူးမှုက သိတ်ကို မြန်ဆန်

သြစတြေလျနိုင်ငံ အရှေ့တောင်ပိုင်း နယူးဆောက်ဝေးလ်ပြည်နယ်မှာတော့ မကြုံစဖူး ကြီးမား ကျယ်ပြန့်တဲ့ တောမီးတွေကို မီးသတ်သမားတွေ အပြင်းအထန် ကြိုးစား ငြိမ်းသတ်နေရပါတယ်၊ နေရာပေါင်း ၁၃၀ ကျော်မှာ မီးလောင်နေပြီး အဲဒီအထဲကက အနဲဆုံး နေရာလေးဆယ်မှာ မီးကို ထိန်းမရနိုင် ဖြစ်နေပါတယ်။

မီး အန္တရာယ်ကိုလည်း နေရာတော်တော်များများမှာ အမြင့်ဆုံး အဆိုးဆုံး အခြေအနေ အဖြစ်သတ်မှတ်ထားပါတယ်။

မီးသတ်သမားတွေကတော့ ရာသီဥတု အခြေအနေက ဆိုးလွန်းတော့ မီးသတ်ဖို့ မဖြစ်နိုင်လောက်အောင်ပါပဲ၊ လေက သိတ်ပြင်းပြီး မီးအနားကို ကပ်လို့ တောင်မရပါဘူး၊ သိတ်အန္တရာယ်ကြီးပါတယ်လို့ ပြောပါတယ်။

တောင်ပိုင်းပိုကျတဲ့ ဝိတိုရီယပြည်နယ်မှာလည်း အရေးပေါ်မီးသတ်အဖွဲ့တွေကို အသင့်ပြင်ထားပါတယ်၊ မီးတွေ စလောင်ခဲ့တဲ့ တပ်စမေးနီးယားပြည်နယ်မှာလည်း နေရာ တချို့မှာ ဆက်လောင်ကျွမ်းနေဆဲဖြစ်ပါတယ်။

သြစတြေလျအလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ အဲလစ်စပရင်းနားမှာလည်း အပန်းဖြေစခန်းတခု မီးလောင်နေပါတယ်။

အပူချိန်က ၄၀ ဒီဂရီ ဆယ်လ်စီးရပ်စ်ကျော်နေပြီး လေပြင်းတွေလည်း တိုက်၊ စိုက်ခင်းတွေက်လည်း ခြောက်သွေ့နေလို့ တောမီးတွေက ပိုဆိုးဆိုးဝါးဝါး ပြန့်နှံ့နေတာလို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။