BBC navigation

ကျမ်းကျိန်ပွဲ မတက်နိုင်တဲ့ ချာဗက်ဇ်

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2013 - 22:59 GMT
venezuela

ဒု သမ္မတ မဒူးရိုး အခြေခံ ဥပဒေ ကိုးကားခုခံ

ကြာသပတေးနေ့ ကျင်းပမယ့် သမ္မတ သက်တမ်းသစ် အတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို သမ္မတ ဟူးဂိုး ချာဗက်ဇ် တက်ရောက်နိုင်မှာ မဟုတ်ကြောင်း ဗင်နီဇွဲလား အာဏာပိုင် တွေက အတည်ပြု လိုက်ပါပြီ။

သမ္မတ ချာဗက်ဇ် အရင်လက နောက်ပိတ်ဆုံး ကင်ဆာ ရောဂါ ခွဲစိတ်မှုကပြန်နလံထ နေပြီ ဖြစ်ပေမယ့် ဆရာဝန်နဲ့ နောက်ထပ် ပြဖို့ လိုသေးလို့ ကျူးဘားမှာ နေရအုံးမယ်လို့ ဗင်နီဇွဲလား ဒုတိယ သမ္မတ နိကိုလပ်စ် မဒူးရိုးက လွှတ်တော်ကို စာပို့ အကြောင်းကြား ခဲ့ပါတယ်။

ကျမ်းကျိန်ပွဲကို ရက်ရွှေ့ဖို့ မစ္စတာ ချာဗက်ဇ်က တောင်းဆိုထားကြောင်းလဲ စာမှာ ပါရှိပါတယ်။

ဒီတောင်းဆိုမှု နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးနေကြပြီး ခွင့်ပြုလိမ့်မယ်လို့ ယူဆရပါတယ်။

မစ္စတာ ချာဗက်ဇ် ပျက်ကွက်ကြောင်း ကြေညာပြီး လွှတ်တော် ဥက္ကဋ္ဌက ကြားဖြတ် သမ္မတ လုပ်ဖို့ အတိုက်အခံတွေ ဘက်က တောင်းဆိုကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။