BBC navigation

၂ဝ၁၄ အာဖဂန်က ကန်တပ်တွေ အားလုံးရုပ်မယ်

နောက်ဆုံး ရေးသားချိန် 8 ဇန်နဝါရီလ 2013 - 22:32 GMT
obama

အာဖဂန်က အမေရိကန် တပ်တွေ အရေး ဆွေးနွေးမယ်

အာဖဂန် နစ္စတန်က ၂ဝ၁၄ အကုန်မှာ အမေရိကန် တပ်တွေ အားလုံးဆုတ်ပေးမယ်လို့ အိုဘားမား အစိုးရက ပထမဆုံး လူသိရှင်ကြား ပြောကြား လိုက်ပါပြီ။

ဒီကိစ္စ ဆွေးနွေးဖို့ အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်း ဝါရှင်တန် ကို ရောက်ရှိ နေပြီး သမ္မတ အိုဘားမားနဲ့ သောကြာနေ့ တွေ့ဖို့ ရှိပါတယ်။

နှစ်ဘက်လုံးက နိုင်ငံတကာ တပ်တွေ ထွက်သွားသည့် တိုင်အောင် အမေရိကန်တပ် အနည်းငယ် ဆက်ထားစေ ချင်ပေမယ့် အမေရိကန် စစ်သားတွေကို တရားစွဲမှုက ကင်းလွတ်ခွင့်ရဖို့ ဝါရှင်တန်က သမ္မတ ကာဇိုင်းကို စျေးဆစ် နေပါတယ်။

အာဖဂန်မှာ ပြည်ပတပ်တွေ ထားဖို့ သမ္မတ ကာဇိုင်း မလိုလား ပေမယ့်လဲ တာလီဘန်ရန်က မအေးသေးလို့ ထားဖို့ စဉ်းစား ကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် အိုဘားမားနဲ့ တွေ့ချိန်မှာ အာဖဂန် တပ်တွေ ခေတ်မီရေး အတွက် လက်နက် စက်ပစ္စည်းတွေနဲ့ ကူဖို့၊ တပ်ကို လေ့ကျင့်ပေးဖို့နဲ့ ဆေးဘက် အကူအညီတွေ ဆက်ပေးဖို့ ၊ ကာတာမှာ တာလီဘန်နဲ့ ဆွေးနွေးဖို့ တရားဝင် ရုံးဖွင့်ရေးတွေ သမ္မတ ကာဇိုင်း တောင်းဆို နိုင်ပါတယ်။

အီရတ်မှာတုန်းကတော့ ဒီတောင်းဆိုချက်ကို အီရတ်ဘက်က မလိုက်လျောလို့ အမေရိကန် တပ်အားလုံး ပြန်ဆုတ်ခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။