BBC navigation

အမေရိကန်မှာ လက်နက်ကိုင်မှု ထိန်းချုပ်နိုင်ဖို့ အစိုးရ စဉ်းစား

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 01:04 GMT
_biden_us

သမ္မတ အိုဘားမားနဲ့ ဒုသမ္မတ ဂျိုး ဘိုင်ဒင်

အမေရိကန် ပြည်ထောင်စု မှာတော့ သေနတ် လက်နက် ကိုင်ဆောင်မှု တွေကို ထိန်းချုပ်နိုင်ဖို့ အတွက် ကွန်ဂရက် လွှတ်တော်က ပူးပေါင်း ဆောင်ရွက် မှုတွေ မလုပ်ရင် တောင်မှ သမ္မတ အိုဘားမား အစိုးရ အနေနဲ့ အတင်းအကျပ် လုပ်ကောင်း လုပ်သွားမယ့် သဘောကို တွေ့နေရ ပါတယ်။

သမ္မတ အိုဘားမားဟာ အမေရိကန်မှာ သေနတ် လက်နက်ကြောင့် ဖြစ်နေရတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကို ထိန်းချုပ် သွားနိုင်အောင် လုပ်ဖို့ သန္နိဋ္ဌာန် ချထားပြီး ဖြစ်တယ်လို့ ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ဆက်လက်ပြီး ဒီလို လုပ်နိုင်ဖို့ ဥပဒေ ပြဋ္ဌာန်း ဖို့ လိုမှာ ဖြစ်ကြောင်း၊ အဲဒီအတွက် ကွန်ဂရက်နဲ့ လက်တွဲ ဆောင်ရွက်ဖို့ လိုမှာ ဖြစ်ကြောင်း၊ ဒါမှ မဟုတ်လည်း သမ္မတရဲ့ အမိန့်အာဏာကို အသုံးပြုပြီး လုပ်ရင် လုပ်ရမှာ ဖြစ်ကြောင်း မစ္စတာ ဘိုင်ဒင်က ပြောကြား သွားပါတယ်။

အဲဒီလို ထိန်းချုပ် မှုတွေ လုပ်နိုင်ဖို့ အတွက် ဘယ်လို စဉ်းစား နေသလဲ ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ်ကို မစ္စတာ ဘိုင်ဒင်က မပြောသွား ခဲ့ပေမယ့်လည်း အရင်က ရှိခဲ့တဲ့ ခြေမှုန်းရေး လက်နက် တွေကို ပိတ်ပင် တာမျိုး နဲ့ လက်နက် ဝယ်ယူ လိုသူ တွေကို သူတို့ရဲ့ နောက်ကြောင်း ရာဇဝင် တွေကို သေချာ စစ်ဆေး တာမျိုးတွေ လုပ်ကောင်း လုပ်နိုင်ကြောင်း အဲဒီက ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။