BBC navigation

တရုတ်သတင်းသမားတွေ ဆန္ဒပြမှု ရပ်ဖို့ သဘောတူ

နောက်ဆုံး ရေးသားချိန် 9 ဇန်နဝါရီလ 2013 - 18:18 GMT

လွတ်လပ်စွာ ထုတ်ဖေါ် ရေးသားခွင့်ရဖို့ တရုတ် သတင်းသမားတွေ ဆန္ဒပြ တောင်းဆို

တရုတ်နိုင်ငံမှာ သြဇာ အရှိန်အဝါကြီးမားတဲ့ သတင်းစာကြီးတခုရဲ့ သတင်းသမားတွေက အစိုးရရဲ့ ဆင်ဆာ တည်းဖြတ်မှုအပေါ် သူတို့ ဆန့်ကျင်ဆန္ဒပြနေတာတွေကို ရပ်ဆိုင်းပေးဖို့ သဘောတူလိုက်ပြီလို့ သတင်းတွေအရ သိရပါတယ်။

အစိုးရရဲ့ ဆင်ဆာတည်းဖြတ်မှုတွေကြောင့် လူထုက မကျေမနပ် ဖြစ်ပြီး လွတ်လပ်စွာ ဖေါ်ထုတ် ရေးသား ဖေါ်ပြခွင့်ရဖို့ တောင်းဆိုသံတွေ ပေါ်ထွက်လာပါတယ်။

ဆန္ဒပြသူ သတင်းသမားတွေ အပြစ်ပေး အရေးယူခံရမှာ မဟုတ်ဘူးလို့ ပြောကြောင်း အဲဒီ The Southern Weekly သတင်းစာနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

အခု သီတင်းပတ်မှာ သတင်းစာ ပုံမှန် ပြန်ထုတ်ဝေမယ်လို့လည်း သိရပါတယ်။

စိတ်ချ အာမခံရတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးတွေ ပြင်းပြင်းထန်ထန် ဝေဖန် တောင်းဆိုထားတဲ့ အယ်ဒီတာ့ အာဘော် သတင်း ဆောင်းပါးတခုကို တရုတ်အစိုးရ အာဏာပိုင်တွေက ဆင်ဆာ တည်းဖြတ်မှုတွေ လုပ်ခဲ့အပြီးမှာ သတင်းသမားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။