BBC navigation

ဆီးရီးယားသူပုန်တွေ ဖမ်းထားတဲ့ အီရန်လူမျိုးတွေလွတ်လာ

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 01:10 GMT
_iranian_hostages_syria

ပြန်လွတ်မြောက်လာကြတဲ့ အီရန်လူမျိုးများ

ဆီးရီးယား သူပုန်တွေက လနဲ့ ချီပြီး ဖမ်းထား ခဲ့ရာက ပြန်လွှတ် ပေးခဲ့တဲ့ အီရန် လူမျိုး ၄၉ ယောက်ဟာ အီရန် သံအမတ်ကြီးနဲ့ အတူ ဒမတ်စကပ်စ် မြို့တော်က ဟိုတယ်ကို ရောက်ရှိ လာကြပြီ ဖြစ်ပါတယ်။

သူပုန်တွေက သူတို့တွေကို ဆီးရီးယား အာဏာပိုင် တွေဘက်က ဖမ်းထားတဲ့ လူတွေနဲ့ အလဲအလှယ် လုပ်ပြီး လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဆီးရီးယားမှာ တိုက်ပွဲတွေ စတင်ခဲ့စဉ် ကစလို့ ပထမဆုံး အကြိမ်အဖြစ် အကျဉ်းသား လဲလှယ်မှုကြီး တခု ဖြစ်တယ်လို့ အဲဒီက သတင်းထောက် တွေက ပြောကြပေမယ့် ဆီးရီးယား အာဏာပိုင်တွေ ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိခဲ့ပါဘူး။

တူရကီ လူမှု ကူညီရေး အေဂျင်စီ IHH ကတော့ ဒီလို အလဲအလှယ် လုပ်နိုင်ဖို့ အတွက် ဆီးရီးယား အာဏာပိုင် တွေက ဖမ်းဆီးထားသူပေါင်း ၂၁၀၀ လောက်ကို လွှတ်ပေးဖို့ အတွက် သူတို့တွေ ကူညီ ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။