BBC navigation

သမ္မတချာဗက်ဇ် ကျမ်းမကျိန်လည်း အာဏာရှိနေမြဲ

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 00:54 GMT
chavez

မကျန်းမာနေတဲ့ သမ္မတ ချာဗက်ဇ်

မကျန်းမာတဲ့ ဗင်နီဇွဲလား သမ္မတ ဟူဂို ချာဗက်ဇ် အနေနဲ့ ကြာသပတေး နေ့မှာ ပြုလုပ်ဖို့ ရှိတဲ့ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ အခမ်းအနား ကို မတက်ရောက် နိုင်ခဲ့ရင် တောင်မှ သူနဲ့ သူ့အစိုးရ ရဲ့ အာဏာ ဆက်လက် တည်မြဲ နေမှာ ဖြစ်တယ်လို့ ဗင်နီဇွဲလား ရဲ့ အဆင့်အမြင့်ဆုံး တရားရုံးချုပ်က ပြောလိုက် ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက သမ္မတ အဖြစ် ထပ်မံ ရွေးချယ် ခံခဲ့ ရတဲ့ မစ္စတာ ချာဗက်ဇ်ကတော့ ကင်ဆာ ရောဂါ အတွက် ကျူးဘား နိုင်ငံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ဆေးရုံမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။

သူဟာ လူထု ရှေ့ကို ထွက်မလာ ခဲ့တာလည်း ၁ လနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဗင်နီဇွဲလား လွှတ်တော်က မစ္စတာ ချာဗက်ဇ် အတွက် ကျမ်းကျိန်မယ့် အခမ်းအနားကို ရက် အကန့်အသတ် မရှိ ရွေ့ဆိုင်း ထားဖို့ ဆုံးဖြတ်လိုက် တဲ့ အပေါ်မှာလည်း တရားရုံးချုပ်က တညီတညွတ်ထဲ သဘောတူ ထောက်ခံလိုက် ပါတယ်။

နောက်ဆုံး ဝင်လာတဲ့ သတင်း တခုမှာတော့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် အင်နရီကေး ကာပရေးလက်စ်က သမ္မတ ချာဗက်ဇ် ကျမ်းကျိန်ပွဲ မတက်နိုင် ပေမယ့်လည်း သူအာဏာမှာ ဆက်ရှိ နေဖို့ မနေဖို့ ကိစ္စအတွက် တရားရုံးချုပ်က ဆုံးဖြတ်ပိုင် ခွင့် ရှိတယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမယ့် ဒီလို ဆုံးဖြတ်နိုင်ပေမယ့် တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ မသေချာ မရေရာမှု ပြဿနာတွေ ပြီးသွားမှာ မဟုတ်တဲ့ အကြောင်းကိုလည်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။