BBC navigation

ကာဒစ်တက်ကြွသူတွေ ပါရီမှာ အသတ်ခံရ

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 15:48 GMT
Sakine Cansiz

လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဆာကိုင်း ကန်ဇစ်

ကာဒစ်စစ်သွေးကြွ ခွဲထွက်ရေးအုပ်စု ပီကေကေရဲ့ တည်ထောင်သူအဖွဲ့ဝင် တဦးအပါအဝင် အမျိုးသမီးသုံးဦး ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။

သော့ခတ်ထားတဲ့ ပါရီမြို့က ကာဒစ်စတန် ပြန်ကြားရေးရုံးခန်းထဲမှာ အလောင်းတွေကို ဒီမနက်စောစောက တွေ့ခဲ့ရတာလို့ ရဲတွေက ပြောပါတယ်။

သတင်းထောက်တွေကတော့ အခု သတ်ဖြတ်ခံလိုက်ရသူ တဦးဖြစ်တဲ့ ဆာကိုင်း ကန်ဇစ်ဟာ လေးစားခံရသူ တယောက်ဖြစ်ပေမယ့်လို့ တူရကီနိုင်ငံကနေ သီးခြားခွဲထွက်ဖို့ တူရကီအစိုးရကို နှစ် ၃၀ လောက် လက်နက်စွဲကိုင် တော်လှန်နေတဲ့ ပီကေကေ ထိပ်တန်းခေါင်းဆောင် တော့ မဟုတ်ဘူးလို့ ပြောပါတယ်။

တခြားနှစ်ဦးကတော့ ကာဒစ်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။