BBC navigation

မာလီ အလယ်ပိုင်းမြို့ကို သူပုန်သိမ်း

နောက်ဆုံး ရေးသားချိန် 10 ဇန်နဝါရီလ 2013 - 23:32 GMT
mali

မာလီ မြောက်ပိုင်းကို မနှစ် ထဲက သူပုန် သိမ်း

မဟာဗျူဟာကျတဲ့ မာလီ အလယ်ပိုင်းက ကွန်နာမြို့ကို သိမ်းမိပြီလို့ မာလီက အစ္စလာမ် သူပုန် အုပ်စု တွေက ပြောကြား ပါတယ်။

မာလီ တောင်ပိုင်းက အစိုးရနဲ့ တိုက်ပွဲမှာ သိသာတဲ့ အရှိန်မြှင့်မှု တခု ဖြစ်ပါတယ်။

မာလီ မြောက်ပိုင်းကို မနှစ် ဧပြီလထဲက သူပုန်တွေက သိမ်းထားပြီး ကွန်နာဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ကို ကူးတဲ့ လမ်းပေါ်က အရေးပါတဲ့ မြို့တမြို့ ဖြစ်ပါတယ်။

သူပုန်တွေရဲ့ နောက်ဆုံး လှုပ်ရှားမှု နဲ့ ပတ်သက်ပြီး လုံခြုံရေး ကောင်စီ မှာ ဆွေးနွေးဖို့ တိုင်ပင် နေကြပါပြီ။

ကုလသမဂ္ဂ အစီအစဉ် အရ အာဖရိက တပ်သား ၃ ထောင် လွှတ်ပြီး အယ်လ်ကေဒါ နွယ်တဲ့ စစ်သွေးကြွတွေ၊ ရာဇဝတ် ဂိုဏ်းတွေရဲ့ နယ်မြေ ဖြစ်နေတဲ့ မာလီ မြောက်ပိုင်းကို ပြန်သိမ်းဖို့ ပြင်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။