BBC navigation

စစ်သွေးကြွတွေကိုရှင်းတဲ့ ပြင်သစ်စစ်သားသေဆုံး

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 15:48 GMT

အကြမ်းဖက် စစ်သွေးကြွတွေကို တိုက်ရမှာ သူတို့ တာဝန်လို့ဆိုတဲ့ ပြင်သစ်က တပ်ဖွဲ့ဝင်များ

ဆိုမာလီယား နိုင်ငံမှာ အယ်လ်ရှာဘတ် အစ္စလာမ်မစ် သူပုန် အဖွဲ့က ဓားစာခံ အဖြစ် ဖမ်းဆီး ထားတဲ့ ပြင်သစ် လူမျိုး တဦးကို ကယ်ထုတ်ဖို့ ကြိုးစား ရာမှာ မအောင် မမြင် ဖြစ်ခဲ့ပြီး၊ ပြင်သစ် အထူး တိုက်ခိုက်ရေး တပ်ဖွဲ့ဝင် တဦး သေဆုံးသွား သလို တခြား တဦးလည်း ပျောက်ဆုံး နေပါတယ်။

ကယ်ဆယ်ရေး စစ်ဆင်မှု အတွင်း ပြင်သစ် အထူး တပ်ဖွဲ့ တွေဟာ အယ်လ်ရှာဘတ် အဖွဲ့ရဲ့ အပြင်း အထန် ပြန်လည် ခုခံ တာကို ရင်ဆိုင် ခဲ့ရတယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ယွန်ယီး လီ ဒရီယန် က ပြောပါတယ်။

ဓားစာခံဟာ ပြင်သစ် ပြည်ပ ထောက်လှမ်းရေး ဒန်းနစ် အဲလ်လက်စ် ဆိုသူ ဖြစ်ပြီး၊ အသတ်ခံ လိုက်ရပုံ ပေါ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ တိုက်ခိုက်မှုတွေ အတွင်းမှာ အစ္စလာမ်မစ် တိုက်ခိုက်ရေး သမား ၁၇ ဦးလည်း သေဆုံး သွားတယ်လို့ ပြင်သစ် ဘက်က ပြောပါတယ်။

အယ်လ်ရှာဘတ် အဖွဲ့ ကတော့ ထောက်လှမ်းရေးဟာ အသက်ရှင်ဆဲ ဖြစ်ပြီး၊ ပြင်သစ် စစ်သား တဦးကိုပါ သူတို့ ဖမ်းမိ ထားတယ်လို့ ပြောပါတယ်။

ဆိုမာလီယား တောင်ပိုင်း ဘူလို မာရာ မြို့ခံတွေ ကတော့ နိုင်ငံခြား တပ်ဖွဲ့ တွေရဲ့ ရဟတ်ယာဉ် တစင်းဟာ သူပုန်တွေ အသုံးပြု နေတဲ့ အိမ်ခေါင်းမိုး ပေါ်ကို ဆင်းလာ တာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ ဝင်စီးမှု အတွင်းမှာ အပြန် အလှန် ပစ်ခတ်မှု တွေကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး တဦး အပါအဝင် အရပ်သား အနည်းဆုံး လေးဦးလောက် သေဆုံး သွားခဲ့ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။