BBC navigation

ဆိုမာလီမှာ သေဆုံး ခဲ့သူ တွေကို ပြင်သစ်သမ္မတဂုဏ်ပြု

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 00:12 GMT
_hollande_mali_

ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလောန်း

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလောန်းက ရုပ်မြင်က ပြောကြား ခဲ့တဲ့ မိန့်ခွန်းထဲမှာ ဆိုမာလီယာမှာ မအောင်မြင်ဖြစ်ခဲ့တဲ့ ဓားဆာခံ ကယ်တင်ရေး ကြိုးပမ်းမှုမှာ အသက်ဆုံး ရှုံးခဲ့ရတဲ့ ပြင်သစ် ကွန်မန်ဒို တပ်ဖွဲ့ဝင် ၂ ဦးကို ဂုဏ်ပြု စကား ပြောကြား ခဲ့ပါတယ်။

အဲဒီ ဓားစာခံ ကယ်တင်ရေး မှာ ပြင်သစ် စစ်သား တဦး သေဆုံး ခဲ့ရပြီး နောက်တဦး ပျောက်ဆုံး နေပါတယ်။

ဓားစာခံ အဖြစ် အဖမ်းခံ ထားရတဲ့ ပြင်သစ် ထောက်လှမ်းရေး အေးဂျင့် ဟာလည်း အသက်ဆုံးရှုံး ခဲ့နိုင်တယ်လို့ ပြင်သစ် အာဏာပိုင် တွေက ပြောပါတယ်။

အဲဒီမှာ သူ့ကို ဖမ်းထားခဲ့တဲ့ အစ္စလာမ်မစ် စစ်သွေးကြွ တွေထဲက ၁၇ ယောက်လည်း သေဆုံး ခဲ့ရပါတယ်။

မစ္စတာ အိုလောန်းကတော့ ပြင်သစ် အနေနဲ့ အကြမ်းဖက် သမားတွေရဲ့ တောင်းဆိုချက် တွေနဲ့ ပတ်သက်လာရင် ဘယ်တော့မှာ အလျှော့ပေးမှာ မဟုတ်တဲ့ အကြောင်းကိုလည်း ပြောကြား သွားခဲ့ပါတယ်။

ဆိုမာလီ စစ်သွေးကြွ အဖွဲ့ အယ်လ်ရှာဘတ် ကတော့ အဲဒီ ပြင်သစ် ထောက်လှမ်းရေး အေးဂျင့်ဟာ အသက်ရှင် နေဆဲ ဖြစ်ပြီး နောက်ထပ် ပြင်သစ် စစ်သား တယောက်ကိုပါ ဖမ်းမိထားတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။