BBC navigation

သီရိလင်္ကာ တရားသူကြီးချုပ်ကို ရာထူးကဖယ်ရှား

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 16:01 GMT

အတိုက်အခံ ရှေ့နေ အုပ်စု တခု ကတော့ အခုလို ရာထူးက ထုတ်ပယ် လိုက်တဲ့ အပေါ် ပြစ်တင် ရှုတ်ချ

သီရိလင်္ကာ နိုင်ငံက ပထမဦးဆုံး အမျိုးသမီး တရားသူကြီးချုပ် ဖြစ်သူကို ရာထူး ကနေ ထုတ်ပယ် လိုက်ကြောင်း သမ္မတ မက်ဟင်ဒါ ရာဂျာပက်ဆာ က လက်မှတ် ရေးထိုး အမိန့် ထုတ်ပြန် လိုက်ပါတယ်။

အခုလို လုပ်ဆောင် ချက်ကြောင့် အခြေခံ ဥပဒေ ဆိုင်ရာ အငြင်း အခုံ ပြဿနာတွေ ဖြစ်လာ နိုင်ပါ တယ်။

အမျိုးသမီး တရားသူကြီးချုပ် ရှီရာနီ ဘန်ဒရာနာယာကီ ကို အာဏာ အလွဲသုံးစား လုပ်တယ် ဆိုတဲ့ ပြစ်ချက်နဲ့ စွပ်စွဲ ပြစ်တင်ဖို့ ပါလီမန် ကနေ ပြီးခဲ့တဲ့ ၂ ရက်က မဲခွဲ ဆုံးဖြတ် ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံး နှစ်ခု ကတော့ အခုလို စွပ်စွဲ ပြစ်တင် တာဟာ တရားဝင်မှု မရှိဘူး ဆိုပြီး အမိန့် ထုတ်ပြန် ထားတာကြောင့် အခု အချိန်မှာ ဖြစ်နိုင်ချေ ရှိတာ ကတော့ တရားသူကြီးချုပ်ဟာ ရာထူး ကနေ ထွက်ပေးဖို့ ငြင်းဆန်ကောင်း ငြင်းဆန် နိုင်တယ်လို့ သီရိလင်္ကာမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါ တယ်။

အတိုက် အခံ ရှေ့နေ အုပ်စု တခု ကတော့ အခုလို တရားသူကြီးချုပ်ကို ရာထူးက ထုတ်ပယ် လိုက်တဲ့ အပေါ် ပြစ်တင် ရှုတ်ချ လိုက်ပြီး သူတို့ အနေနဲ့ တရားသူကြီးချုပ်ကို ဆက်လက် ထောက်ခံ သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။