BBC navigation

မာလီအရေး လုံခြုံရေးကောင်စီ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 00:44 GMT

နိုင်ငံတကာရဲ့အကူအညီ လိုအပ်ကြောင်း ပြင်သစ် တောင်းဆို

မာလီအရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးတရပ်ကို ခေါ်ယူလိုက်ပါတယ်။

အနောက် အာဖရိကမှာရှိတဲ့ အစ္စလာမ်မစ် တိုက်ခိုက်ရေးသမားတွေအပေါ် ပြင်သစ်ရဲ့ ထိုးစစ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ အားပေး ထောက်ခံမှုကို ပိုပြီး ရလိုကြောင်း အစည်းအဝေး မတိုင်မှီ ပြင်သစ်ဘက်က ပြောကြားခဲ့ပါတယ်။

မာလီတခုလုံးရဲ့ လုံခြုံရေးကို ပြင်သစ် တနိုင်ငံတည်းက မထိန်းချုပ်နိုင်တဲ့အတွက် နိုင်ငံတကာရဲ့အကူအညီ လိုအပ်တဲ့အကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Laurent Fabius ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မာလီနိုင်ငံက အစ္စလာမ်မစ် တိုက်ခိုက်ရေးသမားတွေဟာ မာလီ အစိုးရ တပ်ဖွဲ့တွေ လက်ထဲကနေ နိုင်ငံအလယ်ပိုင်း ဒိုင်ယာဘလီ မြို့ကို သိမ်းယူလိုက်ကြပါတယ်။

ဒါပေမယ့်လို့ ပြင်သစ်တပ်ဖွဲ့တွေကနေ အဲဒီအစ္စလာမ်မစ်တွေကို လေကြောင်းကနေ ပြန်တိုက်ခဲ့လို့ အစ္စလာမ်မစ်တွေ နိုင်ငံအရှေ့ဘက်ကို ဆုတ်ခွာသွားတယ်လို့ ပြင်သစ် နိုင်ငံက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။