BBC navigation

ပြင်သစ်တပ်တွေနဲ့ မာလီသူပုန်တွေ တိုက်ပွဲပြင်းထန်

နောက်ဆုံး ရေးသားချိန် 14 ဇန်နဝါရီလ 2013 - 17:24 GMT

မာလီနိုင်ငံ အနောက်ဘက်ပိုင်း မှာတော့ ပြင်သစ်တပ်တွေ အတွက် အခက် အခဲရှိနေ

မာလီ နိုင်ငံက အစ္စလာမ်မစ် တိုက်ခိုက်ရေး သမားတွေဟာ မာလီ အစိုးရ တပ်ဖွဲ့တွေ လက်ထဲ ကနေ နိုင်ငံ အလယ်ပိုင်း ဒိုင်ယာဘလီ မြို့ကို သိမ်းယူ လိုက်ကြ တယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ယွန်ယီး လီ ဒရီယန် က ပြောပါတယ်။

ဒါပေမယ့်လို့ ပြင်သစ် တပ်ဖွဲ့တွေ ကနေ အဲဒီ အစ္စလာမ်မစ် တွေကို လေကြောင်း ကနေ ပြန်တိုက်ခဲ့ လို့ အစ္စလာမ်မစ်တွေ နိုင်ငံ အရှေ့ဘက်ကို ဆုတ်ခွာ သွားတယ် လို့ ပြင်သစ် ဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့်လည်း မာလီနိုင်ငံ အနောက်ဘက်ပိုင်း မှာတော့ အခက် အခဲတွေ ရှိနေ တယ်လို့ ဝန်ကြီးက ပြောပါတယ်။

နိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာ ကျတဲ့ ဂေါင်းမြို့က အစ္စလာမ် စစ်သွေးကြွတွေရဲ့ စခန်းတွေကို ပြင်သစ် ကနေ လေကြောင်းနဲ့ တိုက်ခိုက် ခဲ့တာကြောင့် စစ်သွေးကြွ ၆၀ ကျော် သေဆုံး သွားတယ်လို့လည်း သတင်းတွေ ရရှိပါတယ်။

မာလီက အစ္စလာမ်မစ် စစ်သွေးကြွခေါင်းဆောင် ကတော့ အခု အချိန်က စလို့ ပြင်သစ် တို့ရဲ့ အရှိုက်ကို ပစ်မှတ်ထား တိုက်ခိုက် တော့မှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။