BBC navigation

အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 15:49 GMT
Egypt train

အီဂျစ်နိုင်ငံ မီးရထား လမ်းကြောင်းတွေရဲ့ လုံခြုံ စိတ်ချရမှုနဲ့ ပတ်သက်ပြီး ဆိုးဝါးတဲ့ မှတ်တမ်းတွေ ရှိနေပါတယ်

အီဂျစ် နိုင်ငံမှာ စစ်မှုထမ်း တွေကို တင်ဆောင် လာတဲ့ မီးရထား တစီး လမ်းချော် တိမ်းမှောက် သွားတဲ့ အတွက် လူပေါင်း ၁၉ ဦး သေဆုံး သွားပြီး၊ တရာကျော် ဒဏ်ရာ ရရှိသွားပါတယ်။

စစ်မှုထမ်းတွေ တင်ဆောင် လာတဲ့ ရထား ကနေ တွဲ နှစ်တွဲ ပြုတ်ထွက် သွားပြီးနောက် ကုန်တင် ရထား တစီးကို ဝင်တိုက်မိ ခဲ့တာ ဖြစ်ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး ကားတွေ ကလည်း နာရီဝက်လောက် ကြာတဲ့ အထိ ရောက်မလာ ခဲ့ကြဘူးလို့ မျက်မြင် သက်သေ တဦးက ပြောပါတယ်။

ရထား တိုက်တဲ့ နေရာကို ရောက်ရှိ လာတဲ့ အီဂျစ် ဝန်ကြီးချုပ် ဟစ်ရှမ်း ကွမ်ဒီးလ် ကို ဘေးမှာ ရပ်ကြည့် နေသူတွေက 'ခင်ဗျား လက်မှာ သွေးစွန်း နေတယ်' ဆိုပြီး ဝိုင်းအော် ကြတာ ကြောင့် ဝန်ကြီးချုပ်ဟာ ဘေးကို ရှောင်ထွက် သွားခဲ့ရပါတယ်။

အီဂျစ် နိုင်ငံရဲ့ ကုန်းလမ်း ပို့ဆောင်ရေးနဲ့ ရထား ဆက်သွယ်ရေး လမ်းကြောင်း တွေရဲ့ လုံခြုံ စိတ်ချရမှု အပိုင်းနဲ့ ပတ်သက်ပြီး၊ နာမည် ပျက်လောက်အောင် ဆိုးဝါးတဲ့ မှတ်တမ်းတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။